iOSUA - Myanmar Teams မှ iOS နှင့်ပတ်သက်သော သတင်းများ Apps များ နည်းပညာအချက်အလက်များကိုမျှဝေပေးသွားမှာပါ
Tuesday, September 19, 2017
Apple Watch Series 3(Review)
Apple Watch Users များအတွက် ကျနော်တို့ iOSUA-Myanmar ကနေ အရင်တစ်ပတ်ကအသစ် မိတ်ဆက်ခဲ့တဲ့ Apple watch series 3 အကြောင်းလေးမျှဝေချင်လို့ပါ။
ဒီတစ်ခါထွက်တဲ့ Series 3 မှာ Apple Watch Series 3(GPS) နဲ့ Apple Watch Series 3(GPS+Cellular)ဆိုပြီးနှစ်မျိုးနဲ့ပွဲထွက်လာပါတယ်။Series 3 Cellular က တခြား watch တွေထက် watch ကနေပဲ Cellular Data သုံးခြင်း iPhone နဲ့ချိတ်ဆက်စရာမလိုပဲ ဖုန်းခေါ်ဆိုခြင်းတွေကိုလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ဒါတွေအပြင် Cellular ပါတဲ့ Apple Music မှာ Streaming Music နားထောင်ခြင်းတွေကိုလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။AirPod,Beat Solo စတဲ့တခြား bluetooth နာကြပ်တွေနဲ့ watch ကိုချိတ်ဆက်ပြီးတော့Stream နားထောင်တာတွေကိုပြုလုပ်လို့ရမှာပါSeries 3 Cellular ဟာ SIM Card ထည့်သွင်းပြီး အသုံးပြုလို့ရတဲ့ Watch မဟုတ်ပါဘူး ။eSIM လို့ခေါ်တဲ့ electornic SIM လေးတွေအသုံးပြုထားပါတာဖြစ်ပါတယ်။ မိမိတို့ အသုံးပြုနေတဲ့ SIM Card ရဲ့ နံပါတ်အတိုင်းပဲ ဒီ eSIM ကို အသုံးပြုနိုင်မှာဖြစ်ပါတယ် ။ Watch Series 3 မှာ eSIM Built-in ပါဝင်တာကြောင့် US မှာရှိတဲ့ Carrier တွေဖြစ်တဲ့ AT&T တို့ TMobile တို့ စတဲ့ carrier တွေက eSIM Support ဖြစ်တဲ့အတွက် Cellular data အသုံးပြုနိုင်တာ ဖြစ်ပါတယ် ။ SIM Card သီးသန့်ထပ်ထည့်ပြီး အသုံးပြုလို့ရတာမျိုးမဟုတ်ပါဘူး ။ လောလောဆယ် ကျွန်တော်တို့ မြန်မာပြည်က Carrier တွေက Support မဖြစ်သေးတာမို့ ဒီနိုင်ငံက Cellular Data တော့ အသုံးပြုလို့ ရနိုင်မှာမဟုတ်ပါဘူးခင်ဗျ။
Apple Watch support ပေးတဲ့ carriers တွေကိုအောက်မှာဖော်ပြထားပါတယ်
Apple Warch Series 3(GPS)ကော(Cellular)ကောက အရင် Series 2 နဲ့ Size အရွယ်အစားကအတူတူပဲဖြစ်ပါတယ်။Design ပိုင်းမှာဆိုရင် Series 3(Cellular) တွေရဲ့ apple watch digital crown & watch face ကနာရီလက်တံတွေမှာ အနီရောင်ဖြစ်နေပါလိမ့်မယ်။Apple Watch Series 3(GPS)နဲ့ Apple Watch Series 3(Cellular)မှာကွာခြားချက်တွေက ကျနော်အပေါ်မှာရေးထားတဲ့ Design ပိုင်းနဲ့ Cellular Support လုပ်ခြင်း Capacity အနေနဲ့ Cellular မှာ 16GB storage ရှိပြီးတော့ GPS မှာ 8GB ရှိပါတယ်။ကျန်တဲ့ Specification တွေကတော့အတူတူပါပဲခင်ဗျ။
ကျန်တဲ့ Specification တွေကိုအောက်မှာဖော်ပြထားပါတယ်။
#Color
Aluminum Case မှာဆိုရင်
Silver,Gold,Space Gray 
Stainless Steel Case မှာဆိုရင်
Stainless steel,Space Black  ဆိုတဲ့အရောင်တွေဖြစ်ပြီးတော့ ကြိုးအသစ်တွေနေနဲ့ Seashell sport loop,Pink Sand Sport Loop,Milanese Loop and Space Black Milanese Loop ဆိုပြီးတော့ကြိုးအလန်းစားတွေနဲပွဲထုတ်ထားပါတယ်။
Build-in GPS and GLONASS ဖြစ်တဲ့အတွက်အရင် Series 2 လိုမျိုး Apple Watch ပတ်ပြီးအပြေးလေ့ကျင့်နေရင် ကိုဘယ် Location ကနေဘယ် location အထိပြေးလာခဲ့တယ် ဆိုတာကို iPhone ကနေပဲကြည့်လို့ရခဲ့တာကနေ အခုဆိုရင် iPhone မလိုပဲနဲ့ Watch ကနေ ကိုပြေးခဲ့တဲ့နေရာတွေကိုပြန်ခြေရာကောက်လို့ရပါပြီခင်ဗျ။တောင်တက်သမားတွေ အပြေးသမားတွေအတွက်တော့ တော်တော်လေးအသုံးဝင်လာပါပြီ။အပြေးသမားတွေအတွက်ဆိုရင် ပြေးနေရင် အရင်လို iPhone ကြီးယူသွားစရာမလိုတော့ပါဘူးခင်ဗျ။water resistance to 50 meters! ရေစိုလည်းခံပါသေးတယ်ခင်ဗျ။နောက်ရေကူးရင်းပတ်လို့ရတဲ့အတွက်ရေကူးလေ့ကျင်ခန်းလုပ်လေ့ရှိတဲ့ အားကစားသမားတွေအတွက်ပါတော်တော်လေးအသုံးဝင်ပါတယ်ခင်ဗျ။
Processor ပို်င်းမှာဆိုရင် faster S# dual-core processor နဲ့ W2 Apple wireless chip ကိုသုံးထားပါတယ်။
Display ကိုတော့ Second Generation OLED Retina display ကိုသုံးထားပြီးတော့ (1000 nits brighteness) ရှိပါတယ်။
Battery ပိုင်းမှာကတော့ အရင် Series 2 နဲ့အတူတူပါပဲ တစ်ခါအားအပြည့်သွင်းထားရင် 18 hours အသုံးခံပါတယ်ခင်ဗျ။
OS ပိုင်းမှာကတော့ watchOS 4 နဲ့လာမှာဖြစ်ပါတယ် watchOS 4 မှာက watchface အသစ်တွေနဲ့Animation အသ
စ် အများကြီးတိုးလာမှာဖြစ်ပါတယ်။
Read More
Thursday, May 4, 2017
What's Class B?(iPhone From Thailand)
ကျနော်အခု Share ချင်တာကတော့ Thai ဘက်ကဝင်တဲ့ iDevices တွေရဲ့ဘူးခွံအနောက်မှာပါတဲ့ CLASS B ဆိုတဲ့စာတန်းလေးအကြောင်းပါပဲ။တစ်ချို့ Users တွေက ဖုန်းဝယ်သွားတယ်အဲ့ဒါလေးတွေကိုသတိမထားလိုက်မိဘူး သတိထားမိတဲ့အချိန်ကြမှာ ငါ့ဖုန်းကြီးက ဘာလို့ Class B ဖြစ်နေရတာလဲ Class A ထက်မကောင်းလို့လား။တခြားဖုန်းတွေထက်လည်းဈေးကြီးပေးဝယ်ရတယ်(မြန်မာနိုင်ငံမှာ ရောင်းတဲ့ TH/A(iServe) အလုံးများဟာ factory error ဖြစ်ခဲ့ရင် မြန်မာနိုင်ငံမှာတင်ပြီးတဲ့အတွက်ဈေးပိုရခြင်းဖြစ်)ဘာလို့ Class B ဖြစ်နေရတာလဲဆိုတဲ့စိတ်ခံစားမှုမျိုးတွေ သံသယစိတ်တွေဖြစ်တတ်ပါတယ်။တကယ်တော့Class B ဆိုတာကတကယ့်တကယ့် မကောင်းတဲ့ iPhone အမျိုးအစားတစ်ခုပါ :p နောက်တာနော် .............
အမှန်တော့ Class B ဆိုတာ iPhone ရဲ့အရည်အသွေးကိုခွဲခြားခြင်း လုံးဝ မဟုတ်ပါဘူး။
CLASS Bဆိုတဲ့စာတန်းလေးအောက်မှာ NTC ID ဆိုတာလေးတွေ့တယ်ဟုတ် 
NTC ဆိုတာက(The National Telecommunication Commission of Thailand) ဆိုတဲ့အဖွဲ့အစည်းတစ်ခုပါ။Thai မှာ Telecommunication Product ထုတ်မယ်ဆိုရင်အဲ့ဒီအဖွဲ့အစည်းရဲ့ အသိအမှတ်ပြုတံဆိပ်(ID)လိုပါတယ်။ အဲ့ဒီအဖွဲ့အစည်းကနေပြီးတော့ Thai မှာရှိတဲ့ဆက်သွယ်ရေးဆိုင်ရာထုတ်ကုန်တွေကို Class တွေခွဲခြားထားပါတယ်။အဲ့ထည်းမှာမှ ဆက်သွယ်ရေးထုတ်ကုန်ထည်းမှာပါဝင်တဲ့ iDeivces တွေက Class B အတန်းအစားထည်းမှာပါဝင်ပါတယ်။အဲ့ဒါကြောင့်မလို့ Thai(TH/A) Model no iDevices တိုင်းမှာ CLASS Bဆိုတဲ့တံဆိပ်လေးပါလာတာဖြစ်ပါတယ်။iPhone ရဲ့အရည်အသွေးကိုခွဲခြားထားခြင်းလုံးဝ(လုံးဝ)မဟုတ်တဲ့အတွက် ကိုသုံးနေတဲ့ Thailand ကထုတ်တဲ့ iPhone က Class B မကောင်းဘူးဆိုတဲ့သံသယစိတ်တွေလုံးဝထားနေစရာမလိုပါဘူး :) ။
အဲ့ဒီ ID NO ကိုကြည့်လိုက်ရုံနဲ့ကို့ device ကဘယ်နှခုနှစ်ထုတ်လဲဆိုတာကိုပါကြည့်လို့ရပါတယ်။
ကဲအောက်မှာလည်းပုံတွေနဲ့တကွဖော်ပြထားပါတယ်။
Read More
Type of iDevice
iPhone သုံးတဲ့လူတစ်ချို့မှာ အမြင်မှား အထင်မှားနေတာလေးတွေရှိနေတတ်ကြတယ်။အဲ့ဒါဘာလဲဆိုတော့ ZP အလုံးမှကောင်းတာ LLA အလုံးမှကောင်းတာတွေပေါ့ အမှန်တကယ်တော့ ဘယ်နိုင်ငံကထုတ်တဲ့အလုံးပဲဖြစ်ဖြစ်အရည်အသွေးများဟာအားလုံးအတူတူပါပဲ အဲ့ဒါတွေကိုကျနော်အရှေမှာလည်းရှင်းပြပြီးဖြစ်ပါတယ် အခုအချိန်ထိမှာတော့  "Apple design in California Assembled in China" ဆိုတဲ့အတိုင်း
iPhone တွေရဲ့ Design ကို California,Cupertino မှာဆွဲပြီးတော့ တရုတ်မှာထုတ်တာပါ အားလုံးပါ
တရုတ်မှာထုတ်လို့ပြီးမှ ပြန်လည်ရောင်းချမဲ့ နိုင်ငံအသီးသီးကို ပြန်ပို့ပြီးတော့ရောင်းစေတာပါ။အဲ့မှာတင်နိုင်ငံတွေမတူတော့ပဲ နိုင်ငံတစ်နိုင်ငံနဲ့တစ်နိုင်ငံမှာသုံးနေတဲ့အနေအထားအလိုက်အထည်းက အားသွင်းခေါင်းတွေပုံစံပြောင်းသွားတယ် နိုင်ငံရဲ့ ဥပဒေတွေပေါ်မူတည်ပြီး Camera အသံထွက်တာမထွက်တာတွေကွာသွားတယ် iPhone ရဲ့အရည်အသွေးကတော့အားလုံးအတူတူပါပဲ။အဲ့ဒါတွေကိုလည်းအထင်မမှားစေချင်ပါဘူး။မဝယ်ခင်မှာတော့ ကိုဝယ်မဲ့ဆိုင်က ကို့ဖုန်းရဲ့ Factory Error(စက်ရုံမှထုတ်ကတည်းဖြစ်နေသည့် error ကိုယ်တိုင်လုပ်လိုက်ခြင်းကြောင့်ဖြစ်သွားသောပျက်စီးမှုမဟုတ်ပါ)ပါခဲ့ရင်တာဝန်ယူနိုင်မှုရှိမှု After Sale Service တွေကောင်းမှသာဝယ်ယူပါ။အဲ့လိုဆိုင်မျိုးတွေကိုလည်း ညွန်ပေးနိုင်ပါတယ် :)။နောက်တစ်ခုက ကို့ iPhone ရဲ့ Model no ကိုကြည့်ရုံနဲ့ Refurbished လား စက်ရုံကထုတ်တဲ့အသစ်လားဆိုတာကိုသိနိုင်ပါတယ်။
Model no ကို Setting>General မှာရှာလို့ရသလို မဝယ်ခင်မှာလည်းဘူးနောက်ကျောက Part no မှာရှာလို့ရပါတယ်
F ဆိုရင် Refurbished တနည်းအားဖြင့် PCO (Apple Certified Pre Owned devices) လို့လည်းခေါ်ပါတယ်။ PCO ဆိုတာဘာလဲ?PCO ဆိုတာ Factory Fault ကြောင့် Warranty ပြန်လာတဲ့ အလုံးတွေကို  Apple ကနေပြီးတော့ အလုံးသစ်အစားထိုးပေးပါတယ်။(ဥပမာ - Mainboard က ဖြစ်တာမျိုး၊ IC တစ်ခုခုကြောင့် network မမိတော့တာမျိုး စတာတွေဆိုရင် Apple ကနေ အသစ်တစ်လုံး အစားပေးပါတယ်) အဲ့လိုအစားထိုးပေးပီး Factory Fault အလုံးတွေကို ပြန်လည်ယူထားတယ် ပြီးတော့ လိုအပ်တဲ့ ပြင်ဆင်မှုတွေကို အသစ်ပြန်လည်ပြုပြင်ပြီး Box အသစ် Accessories အသစ်တွေနဲ့ အသစ်တလုံးနီးပါးအတိုင်း မွန်းမံပြင်ဆင်မှုပြုလုပ်ပြီး Apple Certified အဖြစ် ဈေးကွက်အတွင်း Apple Official Warranty 1 Year နဲ့ ပြန်လည်ထုတ်ရောင်းတဲ့ အလုံးတွေကိုခေါ်ပါတယ်။ဈေးနှုန်းကိုလည်း အသစ်အလုံးတွေထက်သက်သာစွာနဲ့ပြန်လည်ရောင်းချပြီးတော့ Warranty 1 year ရှိတဲ့အတွက်ဝယ်ရတာတန်ပါတယ်။
M ကတော့ အသစ်စက်စက်ပေါ့။
N ဆိုတာကတော့ M နဲ့စတဲ့အသစ်စက်စက်အလုံးက Factory Fault တစ်ခုခုကြောင့် Apple ကို Warranty ပြန်ပို့ရတဲ့အခါမှာ အသစ်တစ်လုံးအစားထိုးပေးခဲ့လို့ရှိရင်ကို့လက်ထည်းရောက်လာမဲ့ဖုန်းအသစ်ရဲ့ Model no က N နဲ့စမှာဖြစ်ပါတယ် Replacement အလုံးပါ။အသစ်စက်စက်ပါပဲ။
P ကတော့ Personalized တချို့ Users တွေက Apple ကိုတိုက်ရိုက်မှာတာတွေရှိပါတယ် ဥပမာ-ကောင်မလေးကိုပေးချင်လို့ iPhone ရဲ့အနောက်မှာ Apple ကနေပြီးတော့ "Happy Birthday Sweetheart" ဆိုတဲ့စာလေးကို Engraving ထိုးပေးပါဆိုတဲ့အလုံးတွေကိုပြောတာပါ ကျနော်တွေ့ဖူးသလောက်ကတော့ Apple က Engraving ထိုးထားတဲ့ပုံတဲ့ အပြင်ဆိုင်တွေမှာ Engraving ထိုးတဲ့ပုံတွေကလုံးဝမတူပါဘူး Apple ကတော့သူ့ Fonts နဲ့သူ Engraving ထိုးပေးတာဖြစ်ပါတယ်။
ဒါကတော့ Engraving ထိုးထားတဲ့ Apple Watch တစ်လုံးပါ
ကဲ iOS Users တို့ iPhone ရဲ့ Type တွေကိုတော်တော်လေးသိပြီးပေါ့ :) 
Read More
Tuesday, April 25, 2017
Free App Of The Day(File Manager Pro)
File Manager Pro($4.99 to Free)
iPhone & iPad အတွက် File Manager လိုတယ်လို့ပြောပြောနေတဲ့ Users တွေအတွက်အကြိုက်ပေါ့ :)
တော်တော်လေးအသုံးဝင်ပါတယ် Free ရတုန်းလေးဆွဲထားဖို့တော့လိုပါတယ် Size ကလည်း သေးပါတယ်ခင်ဗျ သူရဲ့အသုံးဝင်ပုံကိုအောက်က Video File ထည်းမှာဝင်ကြည့်နိုင်ပါတယ်
Read More
Tuesday, April 11, 2017
Logic Pro X For Mac
Logic Pro X လို့ပြောလိုက်တာနဲ့သိနဲ့လူတွေလည်းသိမှာပါ ဒါကတော့ Mac Users တွေထည်းကမှ Music ပိုင်းလုပ်ချင်တဲ့ Users တွေအတွက် အသုံးအရမ်းဝင်တဲ့ App တစ်ခုပါ
မကြာခင်မှာလည်း iOS Users တွေအတွက် Gift အကြီးကြီးတစ်ခုလာပါလိမ့်မယ်
iOS User Association-Myanmar  page ကိုသာ See First လုပ်ထားပါ :)
Read More
Sunday, April 9, 2017
Critical Ops(Online FPS Game)
Zawgyi 
Download Link >> https://appsto.re/us/IhsQ8.i 
 Hein Min Htun
Unicode 
             မင်္ဂလာပါ။ကျွန်တော် iOS အတွက် Graphics ကောင်းပြီးကစားလို့အင်မတန်ကောင်းတဲ့ Online FPS Game လေးတခုနဲ့မိတ်ဆက်ချင်ပါတယ်။တချို့တွေက CS:GO လိုမျိုး Online FPS Game ကစားချင်ပေမယ့် 15$ ပေးကစားရမှာနှမျောလို့ပဲဖြစ်ဖြစ်၊အိမ်က PC ကမနိုင်လို့ပဲဖြစ်ဖြစ်မကစားရတဲ့သူတွေရှိမှာပါ။အဲ့တော့သူများတွေကစားတဲ့ Replay လောက်ပဲကြည့်ရပြီးသရေယိုနေရတာပေါ့(ကျွန်တော်အပါအဝင်😛)။အဲ့တော့ကျွန်တော်တို့လိုသူမျိုးတွေအတွက် CS:GO ကိုမမှီပေမယ့် CS:GO နီးပါးကစားလို့ကောင်းတဲ့ Mobile Online FPS Game လေးတခုနဲ့မိတ်ဆက်ပေးပါရစေ။ Gameနာမည်ကတော့ Critical Ops ဖြစ်ပါတယ်။ Graphics ပိုင်းဟာလည်း Mobiel Game အနေနဲ့ဆိုတော်တော်ကောင်းပါတယ်။မိမိစိတ်ကြိုက် Graphics ကိုပြင်နိုင်ပါတယ်(Lowest ကနေ Ultra အထိ)။ Weapon များကိုလည်း Skin များဝယ်ပြီးစိတ်ကြိုက်အလှဆင်နိုင်ပါတယ်။ File Size ကလည်း 250mb ပဲရှိပါတယ်။  Game ကတော့ Free To Play ပါ ဒါပေမယ့် In-App-Purchase ပါပါတယ်။Download Link အောက်တွေရေးပေးထားပါတယ်။
 Hein Min Htun 
(iOS Users Association-Myanmar)iOSUA🇲🇲
Read More
Saturday, April 8, 2017
FL Studio For Mac
ဒီ App အကြောင်းတော့မညွန်းတော့ပါဘူး အသုံလည်းဝင်ပါတယ်။
Music လုပ်တဲ့ လူတိုင်းသိပြီးသားဖြစ်မယ်ထင်တယ်
How To Install
Zip File ကို Download ဆွဲပြီးရင် ဖြည်လိုက်ပါပြီးရင် Fl Studio icon လေးကို Application Folder ထည်းကိုဆွဲထည့်လိုက်ပါ 
Read More
Friday, April 7, 2017
Flox Pro For Mac
#Flox Pro
mac users တွေတော်တော်များများသိပြီးသားဖြစ်တဲ့  Downloader ကောင်းတစ်ခုပါ Youtube က video များတခြားတခြားသော File မများကိုလည်း Download ဆွဲရာမှာလည်းအသုံးဝင်ပါတယ်
Name: Folx for Mac
Version: 5.1.13668
Release Date: February 6th, 2017
Mac Platform: Intel
OS version:OS X 10.9 or later
Processor type(s) & speed: 64-bit processor
What’s New in Version 5.1.13668:
● Improved: video downloading.
● Fixed: downloading of certain YouTube videos.
● Other minor fixes and improvements.
Read More
iPhone Beginner Users များသိသင့်သည့်အချက်
iPhone ကိုအခုမှစကိုင်မယ်ဆိုရင် မကိုင်ခင် iOS အကြောင်းကိုအရင်လေ့လာထားသင့်ပါတယ် အဲ့ဒီလေ့လာစရာတွေထည်းကအရေးကြီးတဲ့အချက်ကိုမျှဝေပေးမှာပါ
iPhone တွေမှာတစ်လုံးနဲ့တစ်လုံး Application တွေကိုကူးလို့မရပါဘူး Zapya နဲ့ဆိုရင် Photo,Contacts တွေပဲကူးလို့ရပြီးတော့ Airdrop နဲ့ဆိုရင် Note,Voice memo,Photo တွေကူးလို့ရပါလိမ့်မယ်
အဲ့ဒါကိုတော့ Users တိုင်းသိမယ်ထင်ပါတယ် App တွေကို ကူးလို့မရနိုင်တဲ့အတွက် Download ဆွဲဖို့အတွက် Apple ID လိုပါတယ်
Apple ID ဖွင့်နည်းကို ဒီမှာဝင်ကြည့်ပါ >> Apple ID ဖွင့်နည်း
ဖွင့်ပြီးရင်တော့ Setting>iTunes & App Store ထည်းမှာ Sign in လုပ်ပြီးတော့ App တွေကို Download ဆွဲလို့ရပါပြီ
wifi ရှိလျှင်ပိုအဆင်ပြေပါသည်
အဲ့လိုမှမဟုတ်ဘဲ အခုမှဆိုင်ကိုရောက်တယ် Apple ID လည်းမရှိသေးဘူး ဆိုပြီးတော့ ဆိုင်ကနေ App များသွင်းခဲ့တဲ့ Users များဟာ Apple ID ဖွင့်ပြီးပြီ App တွေကို Download ဆွဲလို့ရပြီဆိုရင် အရင်ဆုံး App အသစ်တွေကို Download မလုပ်ပဲနဲ့ ရှိပြီးသား App တွေကို Update လုပ်လေ့ရှိပါတယ် အဲ့မှာပြသနာကစတာပါ Update လုပ်တယ် ကို့ ID ထည့်ထားတာ ကို့ ID နဲ့လည်းမဟုတ်ဘူး ဘယ်သူ့ဟာကြီးပေါ်လာမှန်းမသိဆိုတာတွေဖြစ်တတ်ပါတယ် ။ကို့ ID ထည့်ထားပေမဲ့လည်း Update လုပ်တဲ့အခါမှာ တခြား ID ပေါ်လာရခြင်းကဆိုင်ကသွင်းထားတဲ့ Application တွေကြောင့်ပါ။ဆိုင်ကလည်း သူတို့ ID နဲ့ဆွဲထားတဲ့ Application တွေပဲထည့်ပေးမှာပါ။အဲ့ဒါကြောင့်မလို့ သူတို့ ID Password တောင်းတာဖြစ်ပါတယ်။ကို့အကောင့်နဲ့ Update လုပ်လို့မရသလို ဆိုင်ကသွင်းလာခဲ့တဲ့ App တွေကိုလည်း ကို့ acc ထည်းကို Change လို့မရပါဘူး။update လုပ်ချင်ရင်တော့ဆိုင်ပြန်သွားပြီးတော့ တစ်လတစ်ခါလောက်ပုံမှန် Update သွားလုပ်နိုင်ပါတယ်။ဆိုင်နဲ့လည်းဝေးတယ် ကို့ဟာကိုပဲ update ရအောင်လုပ်ချင်တယ်ဆိုရင် ဆိုင်ကသွင်းထားတဲ့ App ကို Delete လုပ်ပြီးတော့ကို့ ID နဲ့ပြန်ဆွဲလိုက်ပါ အဲ့ဒါဆိုရင်နောက်ပိုင်းမှာလည်း ကို့ ID နဲ့ကို Update လုပ်လို့ရသွားမှာပါ။App Store ကနေ App တွေDownload ဆွဲရာမှာ app store ကနေပြီးတော့Size ကြီးတဲ့ app တွေဆိုရင် 100MBကျော်ရင် wifi နဲ့ဆွဲမှအဆင်ပြေမှာပါ အဲ့ဒါကြောင့်မလို့ wifi မရှိတဲ့ Users တွေအနေနဲ့က ကိုအသုံးလိုတဲ့ App / update လုပ်မှသုံးလို့ရမဲ့ App တွေကိုသာကို့ ID နဲ့ပြန်ဆွဲပါ ကျန်တဲ့ အသုံးမလိုတဲ့ App တွေကိုတော့ကိုသွင်းခဲ့တဲ့ ဆိုင်မှာသာ Update လုပ်စေချင်ပါတယ်။
အကောင်းဆုံးကတော့ ကို iPhone မဝယ်ခင် Apple ID ဖွင့်ထားပါ ပြီးလို့ iPhone ဝယ်ပြီးတာနဲ့ချက်ချင်းကို့ ID ထည့်ပြီးတော့ App များကို Download ဆွဲပြီးသုံးချင်ကအကောင်းဆုံးပါ။
iOS နဲ့ပတ်သတ်သည့် Knowledge များကိုလည်း Page ထည်းမှာစဉ်ဆက်မမြတ်တင်ထားပေးပါသည်။ကိုလိုရာများကို Page search box မှာရှာနိုင်သလို Page Message မှာလည်းဆက်သွယ်မေးမြန်းနိုင်ပါသည်။
Read More
Wednesday, April 5, 2017
Social Panel For Mac
ဒါလေးကတော့ Broswer ပေါ်ကနေ facebook,twitter တွေမသုံးချင်တဲ့ Mac Users တွေအတွက်ပါ
ဒီ App လေးကို install လုပ်လိုက်တာနဲ့ ဒီကနေ facebook,twitter,Linkedin,instagram တွေအပြင်တခြား Social Media တွေကိုပါသုံးလို့ရပါတယ်။
Social media တွေကိုတစ်ပေါင်းတစ်စုထည်းသုံးချင်တဲ့ users တွေအတွက်တော်တော်အဆင်ပြေမှာပါ။
Read More
Youtube Downloader,Facebook Downloader,MP3 Converter
Facebook မှာတင်ထားတဲ့Video,facebook Comment box မှာတင်ထားတဲ့ Videoတွေ
(ကိုကိုတွေအကြိုက်ပေါ့ ;) ) နဲ့Youtube က Video တွေကိုအလွယ်တကူ Download ဆွဲလို့ရတဲ့အပြင်ကိုဆွဲချင်တဲ့ Video Quality တွေကိုပါရွေးပြီး download ဆွဲလို့ရပါတယ် အဲ့ဒါတွေအပြင် ဆွဲထားတဲ့ Video တွေကို mp3 file အဖြစ် Convert တွေပါလုပ်နိုင်ပါတယ် 
တော်တော်လေးကိုအသုံးဝင်တယ်ဟုတ် အဲ့လိုအသုံးဝင်တဲ့ App တွေကတော့ App Store မှာမရှိသလောက်ပါပဲ ဒီ App ကလည်း app store ကမဟုတ်ပေမဲ့ App Store မှာရှိတဲ့ Video downloader တွေထက်ပိုပြီးတော့တောင်အသုံးဝင်ပါတယ် ကဲညွန်းမနေတော့ဘူး Download Link ပေးမယ် 
App install နည်း Video Download ဆွဲနည်းတွေကိုအောက်မှာရှယ်လင်းပေးမယ် ;p 
App ကို အရင်ဆုံး Download ဆွဲပါ Download Here
How to Install မှာရေးထားတဲ့ Process အတိုင်း App ကို Download ပါ ဆွဲပြီးရင် Menu>General>Profiles & Devices Management မှာ ddid co.,ltd. ကို Trust လုပ်လိုက်ပါ အဲ့ဒါဆိုရင် Doda-HD ဆိုတဲ့ App ကိုစသုံးလို့ရပါပြီ 
Download video from Facebook
ကဲစဆွဲလို့ရပါပြီ အရင်ဆုံး Facebook က Video File ကို Download ဆွဲကြည့်ရအောင်
ကိုဆွဲချင်တဲ့ Video ကိုရှာပါရှာလို့တွေ့ရင်
Share ကိုနှိပ်ပြီးတော့Copy Link ကိုနှိပ်ပါ ပြီးရင် 
App ကိုဖွင့်ပြီးတော့ Home Tab ရဲ့ ထိပ်မှာ Paste လုပ်လိုက်ပါ အဲ့ဒါဆိုရင်ခုဏက ကိုဆွဲချင်တဲ့Video file လေးပေါ်လာပါလိမ့်မယ် 
 ပေါ်လာရင်Video ကို Play လိုက်ပါပြီးရင် ညာဘက်ထိပ်နားက ဝိုင်ထားနဲ့ဟာလေးကိုနှိပ်
ကို Download ဆွဲချင်တဲ့ Video quality ကိုဆွဲလိုက်လို့ရပါပြီ Download ဆွဲလိုက်တာနဲ့ Download Queue ထည်းမှာဆွဲနေမှာဖြစ်ပြီး ဆွဲပြီးတာနဲ့ Downloader video မှာ video file ရောက်နေပါလိမ့်မယ် အောက်က share ကိုနှိပ်ပြီးတော့ camera roll ထည်းကို export လုပ်လို့ရပါတယ်
camera roll ထည်းမထည့်ထားပဲ app ထည်းမှာပဲကြည့်ချင်တယ်ဆိုရင် online လိုပါလိမ့်မယ် အဲ့ဒါကြောင့်မလို့ camera roll ထည်းသိမ်းထားစေချင်ပါတယ်(camera roll ထည်း export လုပ်နည်းအပိုင်းကို အောက်ဆုံးမှာဖော်ပြပေးပါမည်)
comment ထည်းက video တွေကိုဆွဲချင်ရင်လည်းဒီတိုင်းပါပဲ Post ကို Copy Link လုပ်ပါ လုပ်လို့မရရင် Post ရဲ့ ညာဘက်ထောင့်ကမြှားလေးကိုနှိပ်ပြီး Save Post လုပ်ပြီး တော့ကို့ facebook acc ရဲ့ Save tap မှာ Copy link လုပ်ပြီးတော့ ဒီနည်းအတိုင်း paste လုပ်ပြီးရင် Comment box က video ကို play Download လေးကိုနှိပ်ပြီး Download ဆွဲလို့ရပါသေးတယ်
Save post မလုပ်တတ်ရင်အောက်မှာတစ်ပုံချင်းစီပြထားပါတယ်
Save Post
Tap Save Tab
Copy Link
ကဲ Facebook ကဇာတ်ကားတွေ Comment box က video တွေ Download ဆွဲလို့ရသွားပြီဟုတ် :)
Download Video From Youtube
Application ရဲ့ Home Page ကိုဖွင့်ပါပြီးရင် Google ထည်းကိုဝင်ပြီးတော့ YouTube လို့ရိုက်ထည့်ပါ
Youtube ထည်းရောက်သွားရင်ကိုဆွဲချင်တဲ့ သီချင်းနာမည်ကို Youtube Search Box ကနေရိုက်ရှာပါ
ကျနော်ကြိုက်တဲ့ We Don't Talk Anymore Downlaod ဆွဲကြည့်ရအောင် :p video ရှာတွေ့ပြီဆိုရင် play နှိပ်ပြီတော့ ညာဘက်ထိပ်နားက download လေးကိုနှိပ်လိုက်ပါ
ကြိုက်တဲ့ Video Quality ကို Download ဆွဲနိုင်ပါပြီ 
Download ဆွဲနေတဲ့ Video file ကို Download Queue Tab ထည်းမှာတွေ့ရပါလိမ့်မယ်
ဆွဲလို့ပြီးသွားမှသာ Downloaded Video Tab ထည်းရောက်သွားမှာပါ
ကိုဆွဲထားတဲ့ Music Video ကို mp3 convert ချင်ရင် ဝိုင်းထားတဲ့ဟာလေးကိုနှိပ်ပြီးတော့ Convert လုပ်နိုင်ပါတယ် အဲ့ဒါဆိုရင် Convert Queue Tab ထည်းမှာ Convert လုပ်နေပြီးတော့ပြီးသွားတဲ့အခါ
Converted mp3 tab ထည်းရောက်သွားပါလိမ့်မယ် mp3 တွေကိုတော့ iCloud Drive ထည်း Share လို့ရပါတယ် 
Camera Roll ထည်းပို့ချင်ရင်တော့ အလယ်က share ကိုနှိပ်ပြီးတော့Save Video လေးကိုရွေးလိုက်တာနဲ့ camera roll ထည်းက Video Album ထည်းကိုရောက်နေပါလိမ့်မယ်မရောက်သေးရင် save video ကိုပဲထပ်နှိပ်ပါ :) အပေါ်မှာပြောခဲ့တဲ့အတိုင်း camera roll ထည်းကို export လုပ်ထားစေချင်ပါတယ် အားလုံးအဆင်ပြေကြပါစေ :)
Read More