iOSUA - Myanmar Teams မှ iOS နှင့်ပတ်သက်သော သတင်းများ Apps များ နည်းပညာအချက်အလက်များကိုမျှဝေပေးသွားမှာပါ

Tuesday, January 3, 2017

Air Pod အကြောင်း တစေ့တစ်စောင်း


Air Pod အကြောင်း တစေ့တစ်စောင်း


Airpod 🎧 အကြောင်းနည်းနည်းရေးမယ်ဗျာ Pros & Cons (ကောင်းကွက်နဲ့ဆိုးကွက်) လေးပေါ့
Pros ပိုင်းပြောရမယ်ဆိုရင် Airpodကို နားထဲတပ်ထားတယ်ဆိုတာနဲ့ လူတွေလှမ်းငေးရတဲ့ smart ကျမှုကိုပေးတယ် (ကိုယ်တွေ့နော်) သူ့ကိုနားမှာတပ်ထားရင် တပ်ထားလို့တပ်ထားမှန်းမသိတဲ့ ပေါ့ပါးမှုကိုပေးတယ် ပုတ်ကျမှာလဲကြောက်စရာမလိုဘူး ကြ်ုက်သလိုခုန် ကြိုက်သလိုပြေး ကြိုက်သလိုဒွန့် လုံးဝအငြိမ်

နားထဲကထုတ်လိုက်တာနဲ့ သီချင်းကို Auto pause ပေးတဲ့ function လေးကလဲ အထှာကျတယ်
Case လေးကလဲချစ်စရာကောင်းပြီး တစ်နေကုန်နားထောင်လို့ရတဲ့ battery life ကလဲ စိတ်ဝင်စားစရာ

Cons တွေပြောရမယ်ဆိုရင်တော့ ကျွန်တော်တို့ နားကြပ်ဝယ်တာ အဓိကကတော့ သီချင်းနားထောင်ဖို့ပေါ့ အဲ့တော့ Audio ပိုင်းပြောတာပေါ့ Audio Quality ပိုင်းမှာ ထင်သလောက်မဟုတ်ဘူးဗျ Earpod ထက် မဆိုစလောက်လေးပိုကောင်းလာတယ် ဒါကလဲ တိတ်ဆိတ်နေတဲ့အခန်းထဲမှာနားထောင်မှ လူကြားထဲဆူဆူညံညံထဲမှာဆိုရင်တော့ ပုံမှန် Earpod လောက်ပဲ Audio Quality ရှိတယ် ဒါတော့သိပ်သဘောမတွေ့ဘူးဗျ 
နာက်တစ်ခုက Control ပိုင်း တော်တော် အခက်တွေ့တယ် Volume up / down / next / previous ဒါတွေ control လုပ်တဲ့အခါ တိုင်တော်တော်ပတ်တယ် Siri နဲ့ခိုင်းဖို့ကျတော့လဲ ဆူညံသံတွေကြားမှာဆို သူကလဲ ကြားချင်တာတွေကြားတာ အဆင်မပြေဘူး Double Tap တစ်ခုထဲနဲ့တော့ အဆင်မပြေတာအမှန်ပဲ
Samsung Icon X လို touch sensitive function လေးထည့်ပေးရင်သိပ်ကောင်းမှာ Gestures တွေသူံးပြီး control လုပ်လို့ရတာပေါ့ အဆိုးဆုံးကတော့ တစ်ခါတစ်ခါ နည်းနည်းဟမ်းတယ်ဗျာ 😒😒

အားလုံးခြုံပြောရရင် Airpod က မိုက်လားဆိုရင်တော့မိုက်တယ် တော်တော် မိုက်တာလားဆိုရင်တော့ မဟုတ်ဘူးဗျ ပိုက်ဆံပေါရင်ဝယ် ပိုက်ဆံမပေါရင် လဲ Earpod နဲ့တင်ကျေနပ်လို့ရတယ် ကြိုးပျောက်သွားတာကလွဲရင် Earpod နဲ့ကျန်တာအားလုံး တူတူပဲ Earpod က အားသွင်းစရာတောင်မလိုဘူးလေနော့်😎😎

မင်္ဂလာပါခင်ဗျာ . . . အဆင်မပြေတာများရှိရင် Comment မှာပြောခဲ့လို့ရပါတယ်ခင်ဗျာ . .iOSUA-Myanmar မှသိနားလည်သလောက် ပြန်ဖြေပေးပါ့မယ် . . .
EmotionEmotion

:)
:(
hihi
:-)
:D
=D
:-d
;(
;-(
@-)
:P
:o
:>)
(o)
:p
:-?
(p)
:-s
(m)
8-)
:-t
:-b
b-(
:-#
=p~
$-)
(y)
(f)
x-)
(k)
(h)
cheer