iOSUA - Myanmar Teams မှ iOS နှင့်ပတ်သက်သော သတင်းများ Apps များ နည်းပညာအချက်အလက်များကိုမျှဝေပေးသွားမှာပါ
Showing posts with label News. Show all posts
Showing posts with label News. Show all posts

Thursday, March 30, 2017

How to use Night Shift on your Mac


လွန်ခဲ့တဲ့ရက်ပိုင်းကမှထွက်ထားတဲ့ Sierra macOS 10.12.4  မှာစပြီးတော့Night Shift Mode ကို Mac Device တွေမှစပြီးထည့်ပေးခဲ့ပါတယ်။
Night Shift Mode ကတော့ Apple Crazy တွေအတွက်အသစ်အဆန်းတော့မဟုတ်ပါဘူး။ iOS 9.3 ကနေစပြီး 64bit သုံးထားတဲ့ iPhone,iPad တွေမှာစသုံးခဲ့တဲ့ Night Shift Mode ကို အခု Mac တွေမှာပါသုံးလို့ရအောင် အခု macOS အသစ်မှာထည့်သွင်းထားပေးပါတယ်။iOS တုန်းကလိုပဲ Night Shift Mode ကို 64 bit တွေကိုပဲ Support ပေးခဲ့သလိုမျိုးပါပဲ macOS မှာလည်း Night Shift Mode ကို Support ပေးတဲ့ Mac & Display တွေလည်းရှိပါသေးတယ်။
Nifht Shift ကို Support ပေးထားတဲ့ Mac တွေကတော့
MacBook (Early 2015 or newer)
MacBook Air (Mid 2012 or newer)
MacBook Pro (Mid 2012 or newer)
Mac mini (Late 2012 or newer)
iMac (Late 2012 or newer)
Mac Pro (Late 2013 or newer) တွေပဲဖြစ်ပြီးပါတယ်။
 တကယ်လို့ ကိုရဲ့ Mac ကိုတခြား TV တွေနဲ့ချိတ်ထားခဲ့ရင်လည်း Display အမျိုးအစားပေါ်မူတည်ပြီး Night Shift Mode ကအလုပ်လုပ်တာပါ။
Night Shift Mode Support ပေးတဲ့ Display တွေကတော့
Apple LED Cinema Display
Apple Thunderbolt Display
LG UltraFine 5K Display
LG UltraFine 4K Display တွေပဲဖြစ်ပါတယ်။

Night Shift ရဲ့အသုံးဝင်ပုံ

Night Shift ဆိုတာ....
အများစုလေ့လာ စမ်းသပ်ချက်များအရ ညဦးယံ၌တောက်ပသောအပြာရောင်အလင်းနဲ့ထိတွေ့ခြင်းဟာ သင့်ရဲ့ခန္ဓာကိုယ်ထဲက Circadian rhythms(Sleeping Disorder) တွေကိုထိခိုက်စေနိုင်ပါတယ် မျက်လုံးကြောင်ပြီး အိပ်ပျော်ဖို့ခက်တာတွေကို တွေ့ကြုံ ခံစားနိုင်ပါတယ် ဒါကြောင့်မို့ Night Shift ကို မိတ်ဆွေတို့ ကျန်းမာရေးတွက် အသုံးပြုသင့်ပါတယ် ညဘက်တွေမှာ Night Shift ရဲ့ အသုံးဝင်ပုံကတော့ ကိုယ်ရှိနေတဲ့ တည်နေရာရဲ့ နေဝင်ချိန်တွေ ပြီးတော့ ကိုယ်လိုချင်တဲ့ Night Shift Timer တွေကို ချိန်ညှိလို့ရပါတယ်။ (System Preferences>>Display >>Night Shift.)devices တွေမှာ Geolocation ကို အသုံးပြုထားပါတယ် ထိုအခါကအလိုအလျှောက်သင့်ရဲ့မျက်စိပေါ်မှာကြည့်ရတာ ပိုမိုလွယ်ကူအောင် Visible Spectrum ရဲ့ အရောင်စဉ်၏ပူနွေးစေတဲ့ အလင်း display ကိုအတွက်အရောင်များကို Geolocation နဲ့အညီ အလိုအလျှောက် ချိန်ပေးပါတယ်။ မနက်မှာဆိုရင်တော့ သူ့ရဲ့ ပုံမှန် Settings ကို Display မှာ Auto ပြန်ပိတ်သွားပါတယ် ဒါကတော့ Setting ထဲမှာ ကိုယ်တိုင်ချိန်လို့ရပါတယ်။ Night Shift အကြောင်းကို ကျနော် သိသလောက်လေး မျှဝေလိုက်ပါတယ်။ Night Shift ကို မိတ်ဆွေတို့ မျက်လုံး၊မျက်လုံးအာရုံကြောအလွှာ၊ကျောက်ကပ်၊ စိတ်ဖိစီးမှု့လျော့နည်းပြီး ကောင်းစွာ အိပ်စက်နိုင်ကာ ကောင်းသာအိပ်မက်လေးများမက်ဖို့ ညတိုင်း သုံးလိုက်ရအောင်။

ကဲတင်ပြီးရင်စမ်းသုံးကြည့်ရအောင် အောက်မှာ Night Shift Mode on/off လုပ်ပုံကိုတစ်ပုံချင်းပြထားပါတယ်
System Preferences>Displays


Go Night Shift 





Night Shift Mode ကို ကိုထားချင်တဲ့ အချိန်တွေထားဖို့အတွက် Custom,ညနေပိုင်းကနေမနက်အထိထားချင်ရင် Sunset to Sunrise ဆိုပြီးရွေးလို့ရပါပြီ။


Custom မှာ ကိုကြိုက်တဲ့ Schedule ကိုထားလို့ရပါတယ်။



ဒါကတော့ နေရောင်မရှိတဲ့အချိန်တွေမှာ Night Shift Mode on ခိုင်းတာပါ။



System Preferences ထည်းကနေ မဖွင့်ချင်ရင် Siri ကနေလည်း Night Shift အဖွင့်အပိတ်လုပ်လို့ရပါတသးတယ် :)


 Night Shift Turn off 


Night Shift Turn Off


Read More

Wednesday, March 29, 2017

ဒီနေ့ Facebook မှာတိုးလာတဲ့ Function အသစ်များ

ဒီနေ့မှာ Facebook App မှာပုံစံတွေပြောင်းသွားတယ်ဆိုတာကို အားလုံးလည်းသတိထားမိမှာပါ
Facebook App လေးကိုစဖွင့်လိုက်တာနဲ့
ဒီလို ဘယ်ဖက်မှာ Camera iconလေးဖြစ်နေပြီးတော့ညာဖက်မှာ Messenger iconလေးဖြစ်နေပါတယ် 
Messenger iconလေးထည်းဝင်လိုက်ရင် Messenger App ထည်းကိုတန်းရောက်သွားမှာဖြစ်ပါတယ် အရင်လို facebook ထည်းကနေ ဘယ်သူတွေ Active ဖြစ်နေလည်းဆိုတာကိုတော့ကြည့်လို့ရမှာမဟုတ်တော့ပါဘူး နောက်ပြီးတော့ Messenger App ထည်းမှာလည်း တစ်ယောက်နဲ့တစ်ယောက်ပို့ထားတဲ့စာတွေကို Reactions တွေပေးလို့ရနေပါပြီ သတိထားမိကြလားဗျ 



















အဲ့လိုလေးတွေကိုရဲ့ချစ်သူနဲ့ Crush နဲ့စကားပြောထားရင်သူရဲ့စာတွေကို reactions ပေးလို့ရနေပြီနော် 
ဒါကတော့ ညာဖက်မှာပါတဲ့ Messenger icon လေးရဲ့ထူးခြားချက်ပေါ့ ကို့  messenger ကအဲ့လိုမဖြစ်သေးရင် ဖျက်ပြီးတော့ အသစ် Download ပြန်ဆွဲပါ



အခုဘက်ဖက်မှာပါတဲ့ Camera icon လေးကိုဝင်လိုက်ရင်တော့ ကိုရဲ့ပုံတွေကို Effect တွေမျိုးစုံရိုက်လို့ရတဲ့ camera တစ်ခုထည်းရောက်သွားပါလိမ့်မယ် 


















ကိုကြိုက်တဲ့ Effect နဲ့ရိုက်ပြီးရင် facebook ပေါ်တင်မလား တစ်စုံတစ်ယောက်ကိုပို့မလားမေးပါလိမ့်မယ်ကြိုက်သာသာလုပ်ပါ  :)
အဲ့ဒီ facebook camera သုံးပုံလေးကိုအောက်က Video file ထည်းမှာဝင်ကြည့်နိုင်ပါတယ်







Read More

Tuesday, March 28, 2017

Update Map Data on iOS 10.3

လွန်ခဲ့တဲ့ရက်ပိုင်းက Apple ကနေ map app က data များကို Update လုပ်ပေးလိုက်တဲ့အတွက်အခုဆောက်လက်စဖြစ်တဲ့ Apple Park ကို Map ကနေကြည့်လို့နေပါပြီ ဒါကတော့ iOS 10.2.1 ကတည်းကပါ အခု iOS 10.3 မှာဆိုရင် Map ကနေကိုရှာချင်တဲ့ City,Location ရဲ့ Weather အခြေအနေ နေ့လားညလားဆိုတာကိုလည်းကြည့်နေပါပြီ(အောက်ညာဘက်ဒေါင့်နားမှာကြည့်လို့ရပြီနော် :) ) iOS 10.3 တင်ထားတဲ့ Users များ map app လေးကို Show လိုက်ပါအုံး
Read More

Find My AirPods

AirPods Users များထည်းက iOS 10.3 တင်ပြီးသူများကတော့ Find My AirPods Function ကိုသုံးလို့ရပြီပေါ့ :) 
Find My Airpods Function ဟာကို့ရဲ့ AirPods အထားမှားတာတို့ပျောက်တာတို့ဖြစ်ခဲ့ရင် Find My iPhone app ထည်းကနေပြန်ရှာရတဲ့နေရာမှာအသုံးဝင်ပါတယ် အဲ့လိုပြန်ရှာလို့ရအောင် ကို့ရဲ့ AirPods Connect လုပ်ထားတဲ့ iDevice မှာ iCloud ဝင်ထားပြီးတော့ Find my iPhone ကို on ထားဖို့လိုပါတယ် အဲ့ဒါဆိုရင် Find my iPhone app ထည်းကနေ AirPods ကိုအလွယ်တကူရှာလို့ရပြီပေါ့ :)
အဲ့လိုအလွယ်တကူပြန်ရှာဖို့အတွက် Airpods နဲ့iPhone connect ဖြစ်နေရပါမယ် ပြီးရင် iPhone မှာလည်း internet or wifi လိုင်းမိနေဖို့လိုပါတယ်ခင်ဗျ



Read More

New OS Update

iPhone,iPad တွေအတွက် iOS 10.3,Apple Watch တွေအတွက် watchOS 3.2,macOS တွေအတွက် macOS Sierra 10.12.14 ,appleTV တွေအတွက် tvOS 10.2ဆိုပြီးတော့ update တွေပေးနေပါပြီ။

iOS 10.3

pc,mac နဲ့တင်ချင်သူများအတွက် iOS 10.3 တွေရဲ့ Downlind Link များ
iDevice ကနေတိုက်ရိုက်တင်ချင်ရင် Setting>General>Software Update ထည်းကိုဝင်ပြီးVersion မြင့်လို့ရပါတယ် မမြင့်ခင် data များကို Back Up များပြုလုပ်ထားစေချင်ပါတယ်။ 
iOS 10.3 မှာပါဝင်မဲ့ New Features တွေကတော့Find My iPhone ကနေ Airpods ရဲ့ Location ရှာခြင်း၊Siri ကိုအသုံးပြုပြီးတော့Booking ပြုလုပ်ခြင်းနဲ့ငွေပေးချေနိုင်ခြင်း စတဲ့ Features အသစ်တွေပါဝင်မှာဖြစ်ပါတယ်။နောက်ပြီးတော့ iCloud ကို အရင်လိုမျိုး iTunes & App Store ရဲ့အောက်မှာရှိတော့မှာမဟုတ်ပါဘူး။Setting ရဲ့ထိပ်ဆုံးမှာမြင်ရမှာပါ။အခု Version မှာ File system change လိုက်တဲ့အတွက် Version မြှင့်ပြီးတဲ့အချိန်မှာတော့ ကိုဖုန်းထည်က Storage တွေတိုးလာမှာဖြစ်ပါတယ်။ကဲသိချင်ရင်တော့ အခုပဲ Update လုပ်ပြီးအသုံးပြုကြည့်ပါ။

watchOS 3.2

ဒီ watchOS 3.2 မှာပါဝင်လာမဲ့new features တွေကတော့Theater Mode,SiriKit အပြင်တခြားfunctions များကိုလည်း improvements လုပ်ထားပေးပါတယ်။
အသေးစိတ်ကို watchOS 3.2 မှာဝင်ကြည့်ပါ 
watchOS 3.2 ကိုversion မြင့်ချင်သူများကတော့iPhone က watch app ထည်းကနေ General>Software Update ထည်းကိုဝင်ပြီး Version မြင့်နိုင်ပါတယ် version မြင့်နေတဲ့အချိန်မှာ လိုင်းကောင်းနေပါစေ ပြီးနောက် watch ကို အားသွင်းကြိုးနဲ့ချိတ်ဆက်ထားပြီးတော့ Version မြှင့်ချင်း process ပြီးမှသာ အားသွင်းကြိုးဖြုတ်ပါ။

macOS Sierra 10.12.14

အခုကျနော်တို့ iPhone,iPad တွေမှာပါပြီးသားဖြစ်တဲ့Night Shift ဆိုတဲ့ function ကို macOS 10.12.14 မှာ New Features အဖြစ်ထည့်သွင်းထားပါတယ် :) 
macOS ကိုလည်း Version မြှင့်ချင်ရင် mac application ထည်းက App Store က Update ထည်းမှာ Update ဝင်လုပ်လို့ရပါတယ် :)

tvOS 10.2

ဘာအသစ်တွေပါလာမလဲဆိုတော့ အရင် OS ထက်သုံးရပါပိုပြီးပေါ့ပါးမြန်ဆန်လာမဲ့အပြင် remote ကိုလည်း tv ကပါလာတဲ့remote အစား iPad ကိုလည်း remote လိုအသုံးပြုလို့ရပါတယ် 
အဲ့အတွက် iPad မှာ tv remote ဆိုတဲ့ app လေး Download ဆွဲထားဖိုကလိုပါတယ် 

How To Update appleTV

On Apple TV (4th generation), go to Settings > System > Software Updates and turn on Automatically Update. 
On Apple TV (2nd or 3rd generation), go to Settings > General > Update Software and turn on Update Automatically. 

Read More

Saturday, March 25, 2017

The Red iPhone 7, New 9.7-inch iPad, and 128GB iPhone SE Are Now Available to Order

လွန်ခဲ့တဲ့ ရက်ပိုင်းကမှပွဲထုတ်ခဲ့တဲ့ iPhone 7 (Product)Red,New 9.7" iPad and iPhone SE 128 GB တွေကို ဒီနေ့ကစပြီး Order မှာလို့ရပါပြီခင်ဗျ
ဈေးနှုန်တွေကို အောက်ကပုံတွေမှာဖော်ပြထားပါတယ်


iPhone 7 Special Edition Price 

  iPhone 7 Plus Special Edition Price 
iPhone SE Price 
iPhone SE ကိုတော့apple ကနေပြီးတော့32GB,128GB ပဲထုတ်တော့မှာပါ 16GB,64GB ကိုဆက်လက်ထုတ်တော့မှာမဟုတ်ပါဘူး 

ဒါကတော့ အသစ်ထွက်လာတဲ့  New 9.7-inch iPad တွေရဲ့ Price ပဲဖြစ်ပါတယ် အရောင်ကတော့Silver,Gold,Space Gray ဖြစ်ပြီးတော့Storage ကိုတော့ 32GB နဲ့128GB ထုတ်ထားပါတယ်
အရင် iPad Air 2 နဲ့ခပ်ဆင်ဆင်ထုတ်ထားပြီးတော့ အခု New iPad ဟာ အရင် Air 2 ထပ်နည်းနည်းပိုသားပြီးတော့iPad Pro လိုမျိုး Apple Pencil & iPad Keyboard နဲ့တွဲဖက်သုံးလို့ရမှာမဟုတ်ပါဘူး 

Read More

Friday, March 24, 2017

Introducing Message Reactions and Mentions for Messenger

Messenger ကနေပြီးတော့ဒီနေ့မှာ Reactions နဲ့Mentions စပြီးမိတ်ဆက်ခဲ့ပါတယ် :)
Reactions ကို Messengers မှာထည့်ပေးတော့မယ်လို့လည်းကျနော်တို့ Page ကနေအရင်ကလည်းတင်ခဲ့ဖူးပါတယ် ခုတော့ မကြာခင်မှာစပါလာတော့မှာပါ :)

 Reaction and Mentions ကိုဘယ်လိုသုံးရလဲဆိုတာတစ်ပုံချင်းစီအောက်မှာဖော်ပြထားပါတယ်

ဒါကတော့ Reactions တွေပါ  Love, Lol, Wow, Sad, Angry,Thumbs-up Like,Thumbs-Down Dislike တွေပဲဖြစ်ပါတယ် ဒါတွေကို Group Chat တွေမှာ အသုံးပြုလို့ရသလို ကို့ကောင်မလေးရဲ့စာတွေကောင်လေးရဲ့စာတွေကိုလည်း Love တို့ Sad တို့ပေးတဲ့နေရာမှာအသုံးဝင်မှာပါ :)

ဒါကတော့ Group Chat ထည်းမှာမြင်ရမဲ့ပုံပါ ကို့ရဲ့စာဒါမှမဟုတ် အကြံပြုချက်တစ်ခုခုကိုဘယ်သူတွေက ဘာ reactions တွေပေးထားလဲဆိုတာကိုလည်းပြန်ကြည့်လို့ရမှာပါ
ဒါကတော့ Messenger Conservation ကိုစဖွင့်လိုက်တာနဲ့ပေးထားတဲ့reactions emoji လေးတွေဒီလိုတက်လာမှာပါ
ph sleep ဖြစ်နေတဲ့အချိန်တွေမှာ
ကိုreactions လုပ်ခံလိုက်ရတာကိုလည်း Noti တွေဒီလိုတက်လာမှာပါ

ဒါကတော့ Mentions ပါ အရင်က post အောက်က Comments တွေမှာ mentions ခေါ်သလိုမျိုးပါပဲ အခု Messenger ကနေပါခေါ်လို့ရတော့မှာပါ 

ဒါကတော့Mentions ခေါ်လိုက်ရင် တက်လာမဲ့Noti ပါ.....................
ကဲ reactions တွေ Mentions တွေပါလာတော့မယ်ဆိုတော့ အရင်ကပြောခဲ့သလို ကို့ကိုလာကြူတဲ့ဘဲတွေကိုမကြိုက်ရင် messenger ကစာကို thumbs-down dislike လုပ်လိုက်ရုံပဲ 
crush ပို့တဲ့စာကိုဆိုရင် Heart eyes ပေါ့ ဟုတ်တယ်ဟုတ် 
Read More