Apple Watch Users များအတွက် ကျနော်တို့ iOSUA-Myanmar ကနေ အရင်တစ်ပတ်ကအသစ် မိတ်ဆက်ခဲ့တဲ့ Apple watch series 3 အကြောင်းလေးမျှဝေချင်လို့ပါ။
ဒီတစ်ခါထွက်တဲ့ Series 3 မှာ Apple Watch Series 3(GPS) နဲ့ Apple Watch Series 3(GPS+Cellular)ဆိုပြီးနှစ်မျိုးနဲ့ပွဲထွက်လာပါတယ်။Series 3 Cellular က တခြား watch တွေထက် watch ကနေပဲ Cellular Data သုံးခြင်း iPhone နဲ့ချိတ်ဆက်စရာမလိုပဲ ဖုန်းခေါ်ဆိုခြင်းတွေကိုလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ဒါတွေအပြင် Cellular ပါတဲ့ Apple Music မှာ Streaming Music နားထောင်ခြင်းတွေကိုလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။AirPod,Beat Solo စတဲ့တခြား bluetooth နာကြပ်တွေနဲ့ watch ကိုချိတ်ဆက်ပြီးတော့Stream နားထောင်တာတွေကိုပြုလုပ်လို့ရမှာပါ။Series 3 Cellular ဟာ SIM Card ထည့်သွင်းပြီး အသုံးပြုလို့ရတဲ့ Watch မဟုတ်ပါဘူး ။eSIM လို့ခေါ်တဲ့ electornic SIM လေးတွေအသုံးပြုထားပါတာဖြစ်ပါတယ်။ မိမိတို့ အသုံးပြုနေတဲ့ SIM Card ရဲ့ နံပါတ်အတိုင်းပဲ ဒီ eSIM ကို အသုံးပြုနိုင်မှာဖြစ်ပါတယ် ။ Watch Series 3 မှာ eSIM Built-in ပါဝင်တာကြောင့် US မှာရှိတဲ့ Carrier တွေဖြစ်တဲ့ AT&T တို့ TMobile တို့ စတဲ့ carrier တွေက eSIM Support ဖြစ်တဲ့အတွက် Cellular data အသုံးပြုနိုင်တာ ဖြစ်ပါတယ် ။ SIM Card သီးသန့်ထပ်ထည့်ပြီး အသုံးပြုလို့ရတာမျိုးမဟုတ်ပါဘူး ။ လောလောဆယ် ကျွန်တော်တို့ မြန်မာပြည်က Carrier တွေက Support မဖြစ်သေးတာမို့ ဒီနိုင်ငံက Cellular Data တော့ အသုံးပြုလို့ ရနိုင်မှာမဟုတ်ပါဘူးခင်ဗျ။
Apple Watch support ပေးတဲ့ carriers တွေကိုအောက်မှာဖော်ပြထားပါတယ်
Apple Watch support ပေးတဲ့ carriers တွေကိုအောက်မှာဖော်ပြထားပါတယ်
Apple Warch Series 3(GPS)ကော(Cellular)ကောက အရင် Series 2 နဲ့ Size အရွယ်အစားကအတူတူပဲဖြစ်ပါတယ်။Design ပိုင်းမှာဆိုရင် Series 3(Cellular) တွေရဲ့ apple watch digital crown & watch face ကနာရီလက်တံတွေမှာ အနီရောင်ဖြစ်နေပါလိမ့်မယ်။Apple Watch Series 3(GPS)နဲ့ Apple Watch Series 3(Cellular)မှာကွာခြားချက်တွေက ကျနော်အပေါ်မှာရေးထားတဲ့ Design ပိုင်းနဲ့ Cellular Support လုပ်ခြင်း Capacity အနေနဲ့ Cellular မှာ 16GB storage ရှိပြီးတော့ GPS မှာ 8GB ရှိပါတယ်။ကျန်တဲ့ Specification တွေကတော့အတူတူပါပဲခင်ဗျ။
ကျန်တဲ့ Specification တွေကိုအောက်မှာဖော်ပြထားပါတယ်။
#Color
Aluminum Case မှာဆိုရင်
Silver,Gold,Space Gray
Stainless Steel Case မှာဆိုရင်
Stainless steel,Space Black ဆိုတဲ့အရောင်တွေဖြစ်ပြီးတော့ ကြိုးအသစ်တွေနေနဲ့ Seashell sport loop,Pink Sand Sport Loop,Milanese Loop and Space Black Milanese Loop ဆိုပြီးတော့ကြိုးအလန်းစားတွေနဲပွဲထုတ်ထားပါတယ်။
Build-in GPS and GLONASS ဖြစ်တဲ့အတွက်အရင် Series 2 လိုမျိုး Apple Watch ပတ်ပြီးအပြေးလေ့ကျင့်နေရင် ကိုဘယ် Location ကနေဘယ် location အထိပြေးလာခဲ့တယ် ဆိုတာကို iPhone ကနေပဲကြည့်လို့ရခဲ့တာကနေ အခုဆိုရင် iPhone မလိုပဲနဲ့ Watch ကနေ ကိုပြေးခဲ့တဲ့နေရာတွေကိုပြန်ခြေရာကောက်လို့ရပါပြီခင်ဗျ။တောင်တက်သမားတွေ အပြေးသမားတွေအတွက်တော့ တော်တော်လေးအသုံးဝင်လာပါပြီ။အပြေးသမားတွေအတွက်ဆိုရင် ပြေးနေရင် အရင်လို iPhone ကြီးယူသွားစရာမလိုတော့ပါဘူးခင်ဗျ။water resistance to 50 meters! ရေစိုလည်းခံပါသေးတယ်ခင်ဗျ။နောက်ရေကူးရင်းပတ်လို့ရတဲ့အတွက်ရေကူးလေ့ကျင်ခန်းလုပ်လေ့ရှိတဲ့ အားကစားသမားတွေအတွက်ပါတော်တော်လေးအသုံးဝင်ပါတယ်ခင်ဗျ။
Processor ပို်င်းမှာဆိုရင် faster S# dual-core processor နဲ့ W2 Apple wireless chip ကိုသုံးထားပါတယ်။
Display ကိုတော့ Second Generation OLED Retina display ကိုသုံးထားပြီးတော့ (1000 nits brighteness) ရှိပါတယ်။
Battery ပိုင်းမှာကတော့ အရင် Series 2 နဲ့အတူတူပါပဲ တစ်ခါအားအပြည့်သွင်းထားရင် 18 hours အသုံးခံပါတယ်ခင်ဗျ။
OS ပိုင်းမှာကတော့ watchOS 4 နဲ့လာမှာဖြစ်ပါတယ် watchOS 4 မှာက watchface အသစ်တွေနဲ့Animation အသ
စ် အများကြီးတိုးလာမှာဖြစ်ပါတယ်။
1 comments
thanks for the great information. it has help me alot
kohl's free Shipping MVCthanks for the great information. it has help me alot
kohl's free Shipping MVC
မင်္ဂလာပါခင်ဗျာ . . . အဆင်မပြေတာများရှိရင် Comment မှာပြောခဲ့လို့ရပါတယ်ခင်ဗျာ . .iOSUA-Myanmar မှသိနားလည်သလောက် ပြန်ဖြေပေးပါ့မယ် . . .
EmotionEmotion