ကုန်ကြမ်းတော့ ရလာပြန်ပြီ အကိုရေ အကိုဒုက္ခပေးလို့ စမ်းရင်းစမ်းရင် ဒီ apple.com ကြီးထဲပဲလည်နေတယ် 😂
အက်ကြောင်းထပ်နေပေမယ့်လည်း ပြောရဦးမှာပဲ အကိုရေ iCloud အကြောင်းပဲပေါ့ လွယ်လွယ်နဲ့ရှုပ်နေကြတယ် တခါတလေ ကိုယ်လည်း လည်နေတာ များသောအားဖြင့် iCloud Mail က Hack မရဘူး
ပိုလုံခြုံတယ် iCloud Mail ပဲကောင်းတယ် Apple ID ကို လွယ်လွယ် Setting >> iCloud ထဲနေဖွင့်လို့ရတယ်လေ ဖွင့်ကြတာပေါ့ များလွန်းလို့ Apple ID တွေများ သူများရှယ်ပေးရတာနဲ့ လေးငါးခုကိုရှိတာ GMail တွေကလည်း များလွန်းလို့ Rescue Email ဘယ် email ထည့်မိမှန်းတောင် မသိတော့ဘူး Birthday တွေလည်းတော်တော်များများ အမှန်မထည့် လျှောက်ပေးမိတော့ မမှတ်မိ Security Questions ကလည်း အမှု့မဲ့အမှတ်မဲ့ပဲဆိုတော့ မေ့ကုန်ပြီ . . . .
ပြဿနာ ဒီမှာစတာ...
Apple ID ကို iCloud Mail နဲ့ဖွင့်ပါတယ် Setting >>iCloud ထဲ Sign in ဝင်ထားတယ် password ရိုက်မှားတော့ Account က Locked ဖြစ်ရော Unlock Account လေးပေါ်လာတယ် Unlock လုပ်ဖို့ လုပ်ရော Email & Security Questions ရွေးရတယ် ရွေးတော့ Security Questions သိတော့ အဆင်ပြေတာပေါ့ မသိတော့ Email ရွေးကြတယ် ☺️ Email လည်းရွေးရော iCloud Mail ဆိုတော့ apple က အရင်ကမဟုတ်တော့ဘူး Privacy ကမြင့်လာတော့ သေချာစီစစ်တယ် အချက်အလက်မပြည့်စုံရင် Disabled ချပစ်ရော ရှင်းပစ်တာ ရှင်းပစ်တာ ရက်ရက်စက်စက်ရှင်းနေတာ အဲ့တော့ပြန်ဆက်မယ် iCloud Mail ကို recovery လုပ်တော့ Mail ကရောက်မလာ ရောက်မလာနဲ့ စိတ်တွေညစ် ဟိုလူ့ကူညီတောင်း ဒီလူ့လုပ်ခိုင်းပေါ့လေ မရဘူး နောက်ဆုံး ဘယ်ဟုတ်မလဲ iCloud က Locked ကျရင် Mail ပါ Locked ကျ နေလို့ မရတာပါလို့ ပြောပြချင်ပါတယ်ရှင် ဒါကြောင့် Apple ID ဖွင့်ရင် GMail or Others Mail နဲ့ဖွင့်တာ အကောင်းဆုံးပါပဲ အချက်အလက်အပြည့်အစုံထည့် လုံခြုံအောင်တော့ သေချာလုပ်ထားပေါ့နော်
အာလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေရှင်
Aye Myat San ✌️️🍎✌️️
#iMyat237
Aye Myat San
1 comments
Iphone8 plus icloud unlockဖြေရင်ဈေးဘယ်လောက်ရှိသလဲ
မင်္ဂလာပါခင်ဗျာ . . . အဆင်မပြေတာများရှိရင် Comment မှာပြောခဲ့လို့ရပါတယ်ခင်ဗျာ . .iOSUA-Myanmar မှသိနားလည်သလောက် ပြန်ဖြေပေးပါ့မယ် . . .
EmotionEmotion