iOSUA - Myanmar Teams မှ iOS နှင့်ပတ်သက်သော သတင်းများ Apps များ နည်းပညာအချက်အလက်များကိုမျှဝေပေးသွားမှာပါ

Wednesday, March 29, 2017

How To BackUp your Data Before Upgrading to iOS New Version(How to update iOS Version)

ကျနော်တို့ iOS အသစ်ထွက်လို့ Version မြှင့်ခါနီးတိုင်း Data ကိုအရင် backup ယူပြီးမှမြှင့်လို့ပြောလေ့ရှိပါတယ် ဒီနေရာမှာ Data Backup မယူတတ်သူများအတွက်ကော iTunes နဲ့ iOS version မြှင့်ချင်သူများအတွက်ပါ Data backup ယူနည်း iTunes နဲ့ iOS Version မြှင့်နည်းကိုအသေးစိတ်ရေးပြသွားမှာပါ။Backup ဘာလို့ယူခိုင်းလဲဆိုတာက iOS Version မြှင့်နေတဲ့အချိန်မှာ Phone အားကုန်သွားလို့ပဲဖြစ်ဖြစ်(OTA နဲ့မြှင့်တဲ့အချိန်) ဖုန်းထည်းက Hardware error ကြောင့်Phone Power ပြန်တက်မလာတော့တဲ့အချိန်တွေမှာ ကို့ဖုန်းထည်းက Data တွေ(Photo,Contacts,Note,ect)တွေအားလုံးပျက်သွားနိုင်ပါတယ် အဲ့ဒီအတွက် Data တွေကို Backup ယူထားဖို့လိုပါတယ်။ကို့ဖုန်းကလုံးဝအသစ် ဘာ error မှမရှိပဲ ဆိုင်လည်းတစ်ခါမှမပြဖူးရင်တော့ Backup လုပ်ထားဖို့မလိုပါဘူး။

1.Backup with iCloud & Upgrading with OTA(over the air update)

ဒါကတော့ OTA မြှင့်ချင်တဲ့ Users တွေအတွက်ပါ iCloud နဲ့ Backup ယူဖို့ကို Internet လိုင်းကောင်းဖို့လိုပါတယ် တကယ်လို့ Ph error တက်ခဲ့လို့ Data တွေပျက်သွားရင် ဖုန်း Activateပြန်လုပ်တဲ့အချိန်မှာ  Restore From iCloud Backup ကိုရွေးပြီးတော့ data တွေ Restore ပြန်လုပ်လို့ရပါတယ်။အခု iCloud ထည်းမှာ data တွေ Backup လုပ်ကြည့်ရအောင်။

 Setting ထည်းက iCloud ထည်းကိုဝင်ပါ





iCloud Backup ထည်းကိုဝင်

Back Up Now ကိုနှိပ်အဲ့ဒါဆိုရင်ကို့ထည်းက Data တွေကို iCloud ထည်း Backup လုပ်နေပါပြီကြာချိန်ကတော့ Data အနည်းအများ ပေါ်မူတည်ပါတယ် လိုင်းကောင်းဖို့တော့လိုအပ်ပါတယ် 
iCloud Bakup ကတော့ ကို့ဖုန်းထည်းက Data တွေအားလုံးပါမှာမဟုတ်ပါဘူး ဘာဖြစ်လို့လဲဆိုတော့ iCloud Storage 5GB ပဲရှိလို့ပါ။(iCloud ထည်းမှာပဲအမြဲမှတ်ထားချင်ရင် iCloud Storage ဝယ်သုံးပါ)
Backup လုပ်လို့ပြီးသွားပြီဆိုရင် Version Update လုပ်လို့ရပါပြီ Setting>General>Software Update မှာဝင်ပြီး Download & install လုပ်လိုက်ရုံပါပဲ။အဲ့ဒီနေရာမှာ ကို့ဖုန်းက error တစ်ခုခုဖြစ်ခဲ့ရင်(error ဖြစ်ဖို့ခဲရင်းပါသည်) ဆိုင်သွားပြပါ။iTunes နဲ့ပဲ iOS Update လုပ်ပေးပါလို့ပြောပါ Update ပဲလုပ်ရင်အထည်းက Data တွေဘာမှမပျက်ပါဘူး။တကယ်လို့ Update နဲ့အဆင်မပြေဘူး Restore ချမှရမယ်ဆိုရင် Data တွေပျက်ပါလိမ့်မယ်။Data တွေပြန်လိုချင်တယ်ဆိုရင် Restore လုပ်ပြီးပြီးချင်းဖုန်းက Power ပြန်တက်လာပြီး Activate လုပ်ခိုင်းတဲ့အချိန်မှာ iCloud Sign in လုပ်ပါပြီးရင် Restore From iCloud Backup ကိုနှိပ်ပြီး Data တွေပြန်ယူလို့ရပါတယ်။OTA နဲ့ Version မြှင့်ချင်သူများအားလုံးအဆင်ပြေကြပါစေ :) 

 


2.Backup with iTunes & upgrading with IPSW 

ဒါကတော့ PC ရှိသူများအတွက် အဆင်ပြေစေမဲ့နည်းလမ်းပါ iOS Version အသစ်ကိုမြှင့်ချင်ရင် အရင်ဆုံးကို iDevice ရဲ့ IPSW File ကို Download ဆွဲရမှာပါ 
အဲ့ဒီ IPSW File ကိုဆွဲထားတာနဲ့ တခြားကို့ဖုန်းနဲ့တူတဲ့ iDevices တွေကိုပါ iTunes နဲ့ version မြှင့်ခြင်းတွေကိုပြုလုပ်ပေးနိုင်မှာဖြစ်ပါတယ်။IPSW File များကိုအောက်မှာဒေါင်းပါ။ 

Find & Download IPSW File

IPSW file ဆွဲပြီးရင် version update စလို့ရပါပြီ မစခင် Backup အရင်ဆုံးယူရပါမယ်။ကို update မလုပ်ခင် iTunes နဲ့ Backup အရင်ဆုံးလုပ်ထားပါ Backup လုပ်နည်းနဲ့ Update လုပ်နည်းကိုအောက်မှာအသေးစိတ်ပြထားပါတယ်။
iPhone နဲ့ iTunes ကိုစချိတ်လိုက်တာနဲ့အောက်ကပုံအတိုင်းပေါ်လာပါလိမ့်မယ် 




ချိတ်လိုက်တာနဲက ဘယ်ဘက်ဒေါင့်နားမှာကို့ဖုန်းရဲ့ နာမည်ပေါ်လာပါလိမ့်မယ် Update မလုပ်ခင် Backup အရင်ဆုံးလုပ်ရမှာဖြစ်တဲ့အတွက် Back Up Now ကိုနှိပ်ပါ။Backup process ရဲ့ကြာချိန်က အပေါ်မှာပြောခဲ့သလိုပဲ Data အနည်းအများပေါ်မူတည်ပါတယ် ဒီနေရာမှာ iCloud Backup နဲ့မတူတာက iTunes နဲ့ Backup ယူရင်ကို့ Devices ထည်းက Data များအားလုံးကို Backup ယူထားနိုင်ပါတယ် အဲ့ဒီအတွက် ကို့ Photo တွေအရေးကြီးတဲ့Data တွေပျောက်ပျက်သွားမှာပူစရာလုံးဝမလိုပါဘူး။


ကဲ Backup ယူပြီးသွားပြီဆိုရင် Version စမြှင့်လို့ရပါပြီ wifi ကောင်းဖို့လိုပါတယ်


ပုံမှာပြထားတဲ့အတိုင်း Update ကိုနှိပ်ပါ။

PC ထည်းက IPSW file ကိုရွေးပြီး Open နှိပ်လိုက်ပါ


Update ကိုဆက်နှိပ်လိုက်တာနဲ့ Updating process ကိုစလုပ်နေပါပြီ Complete ဖြစ်သွားရင်တော့  iOS Update လုပ်ခြင်းကို အောင်မြင်သွားပြီပေါ့ အဲ့ခြားထည်းမှာ error တစ်ခုခုဖြစ်ခဲ့လိုရှိရင် Restore ချရပါလိမ့်မယ် Restore ချတာကလည်း Update လုပ်သလိုပါပဲ Update ဘေးက restore ကို window ဆိုရင် Shift, Mac ဆိုရင် Option Key နဲ့တွဲနှိပ်ပြီးတော့ IPSW file ကိုရွေးပြီး restore လုပ်နိုင်ပါတယ်
restore လုပ်လိုက်ရင် Phone ကတော့အသစ်အတိုင်းပြန်ဖြစ်သွားမှာပြီး data အားလုံးပျက်သွားမှာပါ။အဲ့ဒီအတွက်ကတော့ပူစရာမလိုပါဘူး Backup လုပ်ထားတယ်ဟုတ်။restore လုပ်ပြီး power ပြန်တက်လာတဲ့အချိန်မှာ iTunes နဲ့ Phone နဲ့ Connect ဖြစ်သွားရင်အောက်ကပုံအတိုင်းရွေးလိုက်ပါ

Back Up Tab အောက်က Restore Backup ကိုနှိပ်ပြီး အရင် backup ယူထားတဲ့ ကို Devices နာမည်ကိုရွေးလိုက်ရုံပါပဲ :)Data အနည်းအများပေါ်မူတည်ပြီး data restor လုပ်တဲ့အချိန်ကြာပါတယ်
အဲ့ဒါဆိုရင် အရင်က Data တွေအားလုံးဖုန်းထည်းကိုပြန်ရပါပြီ။
အခုဆိုရင် Backup လုပ်နည်းတွေ Version မြှင့်နည်းတွေကိုသိသွားပြီဟုတ် ကိုယ်တိုင်ကြိုးစားလုပ်ကြည့်ကြပါ လွယ်ပါတယ် အားလုံးလည်းအဆင်ပြေပါစေ။

မင်္ဂလာပါခင်ဗျာ . . . အဆင်မပြေတာများရှိရင် Comment မှာပြောခဲ့လို့ရပါတယ်ခင်ဗျာ . .iOSUA-Myanmar မှသိနားလည်သလောက် ပြန်ဖြေပေးပါ့မယ် . . .
EmotionEmotion