မနေ့ညနေကမှ Apple Online Store(Apple.com) ပေါ်မှာထွက်ခဲ့တဲ့iPhone 7 & 7 Plus (PRODUCT) RED အကြောင်းလေးကို ကျနော်တို့ သိသလောက် ကျနော်တို့ Page ကိုအမြဲအားပေးလျှက်ရှိတဲ့ Users များကို မျှဝေပေးချင်ပါတယ်။ဒီ iPhone 7 & 7 Plus ကို အလွယ်နည်းနဲ့Special Edition လို့ပဲရေးပါရစေ။
Technical Specification တွေကတော့အရင်ထွက်ပြီးသားဖြစ်တဲ့ iPhone 7 & 7 Plus တွေနဲ့အတူတူပါပဲ......
Capacity(Storage)
128GB,256GB
Size & Weight
7: 4.87 ounces (138 grams)
7+: 6.63 ounces (188 grams)
Display(Screen Size)
7: 4.7" Retina HD diaplay
7+ :5.5"Retina HD diaplay
- Splash, Water, and Dust Resistant
- Resistant လို့ပဲပြောထားတာပါ ရေစိုခံပါတယ် ရေစိမ်ခံခြင်းကိုတော့အာမခံမပေးထားပါတယ် တကယ်လို့ရေကူးရင်းနဲ့ ဓါတ်ပုံရိုက်ခြင်းတွေလုပ်လို့ဖုန်းရေဝင်သွားခဲ့ရင် Apple ကနေ Warranty ပေးခြင်းမရှိပါဘူး။
CPU
A10 Fusion chip,64-bit architecture & M10 motion coprocessor ကိုအသုံးပြုထားပါတယ်
Camera
7: 12MP camera,ƒ/1.8 aperture,Digital zoom up to 5x,7-megapixel facetime camera
7+:12MP wide-angle and telephoto cameras,Wide-angle: ƒ/1.8 aperture ,Telephoto: ƒ/2.8 aperture ,Optical zoom at 2x; digital zoom up to 10x,7-megapixel facetime camera
ဓါတ်ပုံကောင်းကောင်းရိုက်ချင်သူတွေကတော့ 7 Plus နဲ့ပိုသင့်တော်မှာပါ။Video Recording လုပ်ရာမှာတော့ 4K အထိရှိတဲ့ Video တွေကိုအလွယ်တကူရိုက်နိုင်ပါတယ်
ဒါကတော့7 & 7 Plus ရဲ့ အပြင်ပိုင်း Specs တွေပါ Speaker နှစ်လုံး(အပေါ်မှာတစ်ခုအောက်မှာတစ်ခု)ပါပြီးတော့ Home Button ကိုမြုပ်ထားပါတယ်။
ဒါတွေကတော့ iPhone 6 & 6 Plus 64GB အထက် Devices ကနေစပြီးတော့ Built in ပါခဲ့ App တွေပါ
GarageBand,iMovie app တွေကတော်တော်အသုံးဝင်တဲ့app တွေပါ။
ကဲဒါကတော့ Special Edition ရဲ့ပုံလေးပဲဖြစ်ပါတယ် အရင်က Color 5 မျိုးရှိရာကနေအခု (PRODUCT)Red အနေနဲ့ထုတ်ထားတာပါ။ color ကတော့iPhone အနီရောင်ကိုမှ Matt Black ပုံစံအနီရောင်အခြောက်ဖြစ်ပါတယ်။ Product Red ဆိုတာကျနော်တို့ 11 လပိုင်းရောက်တိုင်း app store က app တွေအားလုံးအနီရောင်ပြောင်းသွားကြပါတယ်အဲ့အနီရောင် app(paid app & Gem) တွေကနေရတဲ့အကျိုးအမြတ်တွေကို AIDS & HIV ဝေဒနာ ရှင်တွေကိုပြန်လှူဒါန်းတဲ့ Program လေးတစ်ခုပါ။Product Red အနေနဲ့ Apple ကနေအရင်က Cover,Watch Bands စတဲ့ accessories တွေလည်းထုတ်ခဲ့ပါတယ်။အခု iPhone 7 & 7 Plus ကိုလည်းအဲ့ဒီ Program အတွက်ထုတ်ထားတာပါ။အခု Special Editon ဟာ iPhone 7 & 7 Plus ကို new Color နဲ့ထုတ်လိုက်တယ်လို့တော့မထင်မိပါဘူး။
ဒီ Phone နှစ်လုံးကို ယှဉ်ကြည့်ပါ အခု Special Editon ရဲ့ နောက်ကျောဖက်က Apple Logo နဲ့ Home Button က Ring Color ဟာ Silver ဖြစ်နေပါတယ် တကယ်လို့ color အသစ်အနေနဲ့ထုတ်မယ်ဆိုရင် Home Button ရဲ့ Ring မှာ အနီရောင်လေးဖြစ်နေရမှာပါ။ဒါကြောင့်မလို့ကျနော့်အနေနဲ့ ဒီ Special Edition ဟာ iPhone 7 Silver Color ကို (PRODUCT)Red အနေနဲ့ update လုပ်ပြီးထုတ်လိုက်တာဖြစ်နိုင်ပါတယ်။App တွေကို အရောင်ပြောင်းလိုက်သလိုမျိုးပါပဲ။ထူးခြားတာကတော့ ဒီဖုန်းကိုဝယ်လိုက်တာနဲ့
AIDS & HIV ဝေဒနာရှင်တွေကို လှူဒါန်းထားတဲ့အလှူရှင်ဖြစ်သွားမှာပါ :)
အခု iPhone 7 special edition ကြီးဟာ iPhone 7 Silver ကို အင်္ကျီအနီရောင်ဝတ်ပေးလိုက်တာပါကွာ ဂျင်းကြီးပါလို့ပဲပြောကြဆိုကြပါစေ Apple ရဲ့ဒီ Special Edition ကတော့ ဘယ်သူမှမလုပ်ဖူးသေးတဲ့ Color တစ်ခုပါပဲ မကြာခင်မှာ ဒီ Special Edition ကြီးကိုဝယ်ဖို့အတွက်လူတွေတန်းစီမှာဖြစ်သလို တခြား ဖုန်း Company တွေကလည်း Red Color နဲ့ဖုန်းတွေထွက်လာလိမ့်မယ်ဆိုတာကိုမြင်ယောင်မိနေပါတယ်။
မင်္ဂလာပါခင်ဗျာ . . . အဆင်မပြေတာများရှိရင် Comment မှာပြောခဲ့လို့ရပါတယ်ခင်ဗျာ . .iOSUA-Myanmar မှသိနားလည်သလောက် ပြန်ဖြေပေးပါ့မယ် . . .
EmotionEmotion