တင်ပြီးပြီဆိုရင် အရင် os တွေထက်တိုးလာတာတစ်ခုရှိပါတယ် အဲ့ဒါကတော့
#Theater Mode လို့ခေါ်တဲ့Function ပါ
watch အောက်က control center လေးကိုဆွဲတင်လိုက်တာနဲ့ theater masks icon ကိုတွေ့ရမှာပါ
အဲ့ဒါလေးကို On လိုက်တာနဲ့ Watch ဟာ Silent Mode ဖြစ်သွားပါလိမ့်မယ်
ပြီးရင် watch ရဲ့ Screen ဟာအရင်လို ကိုကြည့်ချင်လို့ လက်ကိုကို့ဘက်ကိုလှည့်လိုက်ရင် လင်းလာမှာမဟုတ်ပါဘူး တကယ်လို့နာရီကြည့်ချင်ရင် Screen ကို Tap လုပ် ဒါမှမဟုတ်ဘေးက Digital Crown,Power Button ကိုနှိပ်လိုက်တာနဲ့ရပါတယ်။
ဒီ Function ကဘယ်အတွက်ရည်ရွယ်ပြီးထုတ်ထားလဲဆိုတာကို စာရေးသူအမြင်ဘက်ကရေးရရင် ဒါဟာ ရုပ်ရှင်ရုံထည်းမှာရုပ်ရှင်ကြည့်နေတဲ့အချိန် အစည်းအဝေးခန်းထဲမှာ presentation လုပ်နေတဲ့အချိန်စတဲ့အလင်းရောင်မှောင်နေတဲ့အချိန်မှာ ကို့နာရီကထွက်လာတဲ့ အလင်းရောင်ကြောင့်တခြားသူစိတ်အနှောက်အယှက်မဖြစ်ရအောင် ကာကွယ်ပေးတဲ့အနေနဲ့ ထည့်ထားတယ်လို့ယူဆရပါတယ်။။ဒီ Function ကတခြားနေရာတွေမှာလည်းအသုံးတည့်နိုင်မှာပါ။
မင်္ဂလာပါခင်ဗျာ . . . အဆင်မပြေတာများရှိရင် Comment မှာပြောခဲ့လို့ရပါတယ်ခင်ဗျာ . .iOSUA-Myanmar မှသိနားလည်သလောက် ပြန်ဖြေပေးပါ့မယ် . . .
EmotionEmotion