iOSUA - Myanmar Teams မှ iOS နှင့်ပတ်သက်သော သတင်းများ Apps များ နည်းပညာအချက်အလက်များကိုမျှဝေပေးသွားမှာပါ

Friday, April 7, 2017

iPhone Beginner Users များသိသင့်သည့်အချက်

iPhone ကိုအခုမှစကိုင်မယ်ဆိုရင် မကိုင်ခင် iOS အကြောင်းကိုအရင်လေ့လာထားသင့်ပါတယ် အဲ့ဒီလေ့လာစရာတွေထည်းကအရေးကြီးတဲ့အချက်ကိုမျှဝေပေးမှာပါ
iPhone တွေမှာတစ်လုံးနဲ့တစ်လုံး Application တွေကိုကူးလို့မရပါဘူး Zapya နဲ့ဆိုရင် Photo,Contacts တွေပဲကူးလို့ရပြီးတော့ Airdrop နဲ့ဆိုရင် Note,Voice memo,Photo တွေကူးလို့ရပါလိမ့်မယ်
အဲ့ဒါကိုတော့ Users တိုင်းသိမယ်ထင်ပါတယ် App တွေကို ကူးလို့မရနိုင်တဲ့အတွက် Download ဆွဲဖို့အတွက် Apple ID လိုပါတယ်
Apple ID ဖွင့်နည်းကို ဒီမှာဝင်ကြည့်ပါ >> Apple ID ဖွင့်နည်း
ဖွင့်ပြီးရင်တော့ Setting>iTunes & App Store ထည်းမှာ Sign in လုပ်ပြီးတော့ App တွေကို Download ဆွဲလို့ရပါပြီ
wifi ရှိလျှင်ပိုအဆင်ပြေပါသည်

အဲ့လိုမှမဟုတ်ဘဲ အခုမှဆိုင်ကိုရောက်တယ် Apple ID လည်းမရှိသေးဘူး ဆိုပြီးတော့ ဆိုင်ကနေ App များသွင်းခဲ့တဲ့ Users များဟာ Apple ID ဖွင့်ပြီးပြီ App တွေကို Download ဆွဲလို့ရပြီဆိုရင် အရင်ဆုံး App အသစ်တွေကို Download မလုပ်ပဲနဲ့ ရှိပြီးသား App တွေကို Update လုပ်လေ့ရှိပါတယ် အဲ့မှာပြသနာကစတာပါ Update လုပ်တယ် ကို့ ID ထည့်ထားတာ ကို့ ID နဲ့လည်းမဟုတ်ဘူး ဘယ်သူ့ဟာကြီးပေါ်လာမှန်းမသိဆိုတာတွေဖြစ်တတ်ပါတယ် ။ကို့ ID ထည့်ထားပေမဲ့လည်း Update လုပ်တဲ့အခါမှာ တခြား ID ပေါ်လာရခြင်းကဆိုင်ကသွင်းထားတဲ့ Application တွေကြောင့်ပါ။ဆိုင်ကလည်း သူတို့ ID နဲ့ဆွဲထားတဲ့ Application တွေပဲထည့်ပေးမှာပါ။အဲ့ဒါကြောင့်မလို့ သူတို့ ID Password တောင်းတာဖြစ်ပါတယ်။ကို့အကောင့်နဲ့ Update လုပ်လို့မရသလို ဆိုင်ကသွင်းလာခဲ့တဲ့ App တွေကိုလည်း ကို့ acc ထည်းကို Change လို့မရပါဘူး။update လုပ်ချင်ရင်တော့ဆိုင်ပြန်သွားပြီးတော့ တစ်လတစ်ခါလောက်ပုံမှန် Update သွားလုပ်နိုင်ပါတယ်။ဆိုင်နဲ့လည်းဝေးတယ် ကို့ဟာကိုပဲ update ရအောင်လုပ်ချင်တယ်ဆိုရင် ဆိုင်ကသွင်းထားတဲ့ App ကို Delete လုပ်ပြီးတော့ကို့ ID နဲ့ပြန်ဆွဲလိုက်ပါ အဲ့ဒါဆိုရင်နောက်ပိုင်းမှာလည်း ကို့ ID နဲ့ကို Update လုပ်လို့ရသွားမှာပါ။App Store ကနေ App တွေDownload ဆွဲရာမှာ app store ကနေပြီးတော့Size ကြီးတဲ့ app တွေဆိုရင် 100MBကျော်ရင် wifi နဲ့ဆွဲမှအဆင်ပြေမှာပါ အဲ့ဒါကြောင့်မလို့ wifi မရှိတဲ့ Users တွေအနေနဲ့က ကိုအသုံးလိုတဲ့ App / update လုပ်မှသုံးလို့ရမဲ့ App တွေကိုသာကို့ ID နဲ့ပြန်ဆွဲပါ ကျန်တဲ့ အသုံးမလိုတဲ့ App တွေကိုတော့ကိုသွင်းခဲ့တဲ့ ဆိုင်မှာသာ Update လုပ်စေချင်ပါတယ်။

အကောင်းဆုံးကတော့ ကို iPhone မဝယ်ခင် Apple ID ဖွင့်ထားပါ ပြီးလို့ iPhone ဝယ်ပြီးတာနဲ့ချက်ချင်းကို့ ID ထည့်ပြီးတော့ App များကို Download ဆွဲပြီးသုံးချင်ကအကောင်းဆုံးပါ။
iOS နဲ့ပတ်သတ်သည့် Knowledge များကိုလည်း Page ထည်းမှာစဉ်ဆက်မမြတ်တင်ထားပေးပါသည်။ကိုလိုရာများကို Page search box မှာရှာနိုင်သလို Page Message မှာလည်းဆက်သွယ်မေးမြန်းနိုင်ပါသည်။

မင်္ဂလာပါခင်ဗျာ . . . အဆင်မပြေတာများရှိရင် Comment မှာပြောခဲ့လို့ရပါတယ်ခင်ဗျာ . .iOSUA-Myanmar မှသိနားလည်သလောက် ပြန်ဖြေပေးပါ့မယ် . . .
EmotionEmotion