ကျနော်အခု Share ချင်တာကတော့ Thai ဘက်ကဝင်တဲ့ iDevices တွေရဲ့ဘူးခွံအနောက်မှာပါတဲ့ CLASS B ဆိုတဲ့စာတန်းလေးအကြောင်းပါပဲ။တစ်ချို့ Users တွေက ဖုန်းဝယ်သွားတယ်အဲ့ဒါလေးတွေကိုသတိမထားလိုက်မိဘူး သတိထားမိတဲ့အချိန်ကြမှာ ငါ့ဖုန်းကြီးက ဘာလို့ Class B ဖြစ်နေရတာလဲ Class A ထက်မကောင်းလို့လား။တခြားဖုန်းတွေထက်လည်းဈေးကြီးပေးဝယ်ရတယ်(မြန်မာနိုင်ငံမှာ ရောင်းတဲ့ TH/A(iServe) အလုံးများဟာ factory error ဖြစ်ခဲ့ရင် မြန်မာနိုင်ငံမှာတင်ပြီးတဲ့အတွက်ဈေးပိုရခြင်းဖြစ်)ဘာလို့ Class B ဖြစ်နေရတာလဲဆိုတဲ့စိတ်ခံစားမှုမျိုးတွေ သံသယစိတ်တွေဖြစ်တတ်ပါတယ်။တကယ်တော့Class B ဆိုတာကတကယ့်တကယ့် မကောင်းတဲ့ iPhone အမျိုးအစားတစ်ခုပါ :p နောက်တာနော် .............
အမှန်တော့ Class B ဆိုတာ iPhone ရဲ့အရည်အသွေးကိုခွဲခြားခြင်း လုံးဝ မဟုတ်ပါဘူး။
CLASS Bဆိုတဲ့စာတန်းလေးအောက်မှာ NTC ID ဆိုတာလေးတွေ့တယ်ဟုတ်
NTC ဆိုတာက(The National Telecommunication Commission of Thailand) ဆိုတဲ့အဖွဲ့အစည်းတစ်ခုပါ။Thai မှာ Telecommunication Product ထုတ်မယ်ဆိုရင်အဲ့ဒီအဖွဲ့အစည်းရဲ့ အသိအမှတ်ပြုတံဆိပ်(ID)လိုပါတယ်။ အဲ့ဒီအဖွဲ့အစည်းကနေပြီးတော့ Thai မှာရှိတဲ့ဆက်သွယ်ရေးဆိုင်ရာထုတ်ကုန်တွေကို Class တွေခွဲခြားထားပါတယ်။အဲ့ထည်းမှာမှ ဆက်သွယ်ရေးထုတ်ကုန်ထည်းမှာပါဝင်တဲ့ iDeivces တွေက Class B အတန်းအစားထည်းမှာပါဝင်ပါတယ်။အဲ့ဒါကြောင့်မလို့ Thai(TH/A) Model no iDevices တိုင်းမှာ CLASS Bဆိုတဲ့တံဆိပ်လေးပါလာတာဖြစ်ပါတယ်။iPhone ရဲ့အရည်အသွေးကိုခွဲခြားထားခြင်းလုံးဝ(လုံးဝ)မဟုတ်တဲ့အတွက် ကိုသုံးနေတဲ့ Thailand ကထုတ်တဲ့ iPhone က Class B မကောင်းဘူးဆိုတဲ့သံသယစိတ်တွေလုံးဝထားနေစရာမလိုပါဘူး :) ။
အဲ့ဒီ ID NO ကိုကြည့်လိုက်ရုံနဲ့ကို့ device ကဘယ်နှခုနှစ်ထုတ်လဲဆိုတာကိုပါကြည့်လို့ရပါတယ်။
ကဲအောက်မှာလည်းပုံတွေနဲ့တကွဖော်ပြထားပါတယ်။
မင်္ဂလာပါခင်ဗျာ . . . အဆင်မပြေတာများရှိရင် Comment မှာပြောခဲ့လို့ရပါတယ်ခင်ဗျာ . .iOSUA-Myanmar မှသိနားလည်သလောက် ပြန်ဖြေပေးပါ့မယ် . . .
EmotionEmotion