ကျနော်တို့ iPad Pro နဲ့တွဲသုံးနေတဲ့ iPad Keyboard တွေမှာ မြန်မာစာသုံးလို့မရပါဘူးဆိုတဲ့ စကားတွေကြားနေရပါတယ် အမှန်တကယ်တော့အဲ့ဒီစကားတွေက မှန်သင့်သလောက်မမှန်ပါဘူးခင်ဗျ
အခု မိတ်ဆက်ပေးချင်တဲ့ sar ဆိုတဲ့ app လေးကို iPad Pro ထည်းထည့်လိုက်ရုံနဲ့ အရင်က မြန်မာစာရိုက်လို့မရပါဘူးဆိုတဲ့ iPad Keyboard တွေဟာ အဲ့ဒီ app ထည်းမှာ မြန်မာစာရိုက်လို့အဆင်ပြေနေပါပြီခင်ဗျ iPad Pro ကိုသုံးပြီး စာစီစာရိုက်လုပ်ချင်တဲ့ users တွေအတွက်အရမ်းကိုအဆင်ပြေပါတယ်ခင်ဗျ ဒါကတော့ အခုလက်တလော ကျနော်တို့သုံးနေတဲ့ iPad Keyboard မှာမြန်မာစာ အဆင်ပြေနိုင်တဲ့ Function တစ်ခုပဲရှိပါသေးတယ်ခင်ဗျ
နောက်ထပ် ဘယ်နေရာတွေမှာအသုံးဝင်သေးလဲဆိုတာကို app ထည်းကနေတိုက်ရိုက်ဖော်ပြပေးလိုက်ပါတယ် :)
မင်္ဂလာပါ ။
Sar ဟာ မြန်မာ ဇော်ဂျီ စာရိုက်စနစ်ဖြစ်ပါတယ်။ Virtual Keyboard သာမက **Bluetooth keyboard** ကို ပါ Support လုပ်ပါတယ်။
iCloud ရှိလျှင်လည်း iCloud နှင့် File Sharing အသုံးပြုနိုင်ပါတယ်။ ပုံမှန်အတွက် iTunes မှ File Sharing ကို အသုံးပြုနိုင်ပါတယ်။
ထို့အပြင် Air Print printer မှလည်း ရိုက်ထားသော စာကို တိုက်ရိုက် Print ထုတ်နိုင်ပါတယ်။
- Bluetooth Keyboard အသုံးပြုပုံ
မြန်မာလို ပြောင်းလိုလျှင် command (⌘) + option (alt) + Space ကို နှိပ်ပြီး ပြောင်းနိုင်ပါတယ်။
English လို ပြန်ပြောင်းလိုပါက ထို key ကို ပြင်ပြန်နှိပ်လိုက်ပါ။
- ပက်ဆင့်ရိုက်နည်း
- ပက်ဆင့် ရိုက်ရန်အတွက် ` ကို အသုံးပြုပါ။
- က္က ရိုက်ရန် အတွက် u ကို အရင် ရိုက်ပါ။
- ပြီးလျှင် ` ကို ရိုက်ပါ။
- ပြီးလျှင် u ကို ပြန်ရိုက်ပါ။
- Virtual Keyboard အသုံးပြုပုံ
ZG ကို နှိပ်ပြီး မြန်မာ keyboard ပြောင်းနိုင်ပါတယ်။
En ကို နှိပ်လိုက်လျှင် English keyboard ကို ပြန်ပြောင်းပေးပါလိမ့်မယ်။
~ ကို နှိပ်လျှင် ပါဌ်ဆင့် keyboard ကို မြင်ရပါလိမ့်မယ်။ ပါဌ်ဆင့် keyboard ပြောင်းလဲရာတွင် iPhone 4s တွင် အနည်းငယ် စောင့်ဆိုင်းဖို့ လိုအပ်ပါတယ်။
- File Saving
File သည် အလိုအလျောက် သိမ်းပေးသည်။ Save လုပ်ရန် မလိုပါ။
- Share to Facebook , Twitter
Facebook, Twitter ကို share ရန် iOS ရဲ့ Setting အောက်တွင် account ကို setup လုပ်ထားပေးရန် လိုအပ်ပါသည်။
- Markdown
Markdown ကို Support လုပ်ပေးထားပါသည်။ Markdown Syntax Highlighting ကို ပိတ်လိုပါက sidebar > Settings အောက်တွင် ပိတ်ထားနိုင်ပါသည်။
2 comments
Sar ဆိုတဲ့ App က iPad Pro အတွက်ပဲလားဗျ။ iPad 2, iOS 9.3.5 မှာရော သုံးလို့ရနိုင်လား သိချင်ပါတယ်။
စမ်းကြည့်တာရတော့ရတယ်။ Font မမှန်ဘူးဖြစ်နေလို့။ ဘယ်လိုလုပ်ရမလဲဗျ။
မင်္ဂလာပါခင်ဗျာ . . . အဆင်မပြေတာများရှိရင် Comment မှာပြောခဲ့လို့ရပါတယ်ခင်ဗျာ . .iOSUA-Myanmar မှသိနားလည်သလောက် ပြန်ဖြေပေးပါ့မယ် . . .
EmotionEmotion