iOSUA - Myanmar Teams မှ iOS နှင့်ပတ်သက်သော သတင်းများ Apps များ နည်းပညာအချက်အလက်များကိုမျှဝေပေးသွားမှာပါ

Sunday, April 2, 2017

How To Downgrade iOS Version

iOS အသစ်ထွက်တိုင်း error လေးတွေအနည်းငယ်ပါလေ့ရှိပါတယ် အဲ့ဒီ error တွေကိုမကြိုက်လို့အရင် version ပြန်သုံးချင်တဲ့Users များအတွက်နောက်ပြီးတော့ အရင် iOS version မှာ Jailbreak ရပြီအခု iOS version မှာတော့မရသေးဘူး အဲ့ဒါကြောင့်အရင် iOS version ပြန်ဆင်းချင်သူများအတွက်
iOS Version Downgrade လုပ်နည်းလေးပါ။
ဒီရက်ပိုင်းမှာလဲ iOS 10.2.1 မှာ Jailbreak ရတော့မယ်လို့သတင်းတွေထွက်နေတဲ့အတွက် Downgrade လုပ်ချင်တဲ့လူတွေ Apple ကနေ iOS 10.2.1 ကို sign out မလုပ်ခင်Version ပြန်ဆင်းထားဖို့လိုပါတယ်။ကဲအခု iOS 10.3 ကနေ iOS 10.2.1 ကိုပြန်ဆင်းကြည့်ရအောင်။
Downgrade လုပ်မယ်ဆိုရင်တော့ backup ယူလို့မရပါဘူး ဘာလို့မရလဲဆိုရင် iOS 10.3 မှာယူထားတဲ့ Backup Data တွေကို iOS 10.2.1 version မှာပြန် restore လုပ်လို့မရပါဘူး
Backup Data များဟာ Backup ယူထားတဲ့ Device နဲ့တူတဲ့ iOS Version ဒါမှမဟုတ် သူထက်မြင့်တဲ့ iOS version မှာပဲအလုပ်လုပ်တာပါ အဲ့ဒါကြောင့်မလို့ iOS 10.3 က Data များကို iOS 10.2.1 မှာပြန်ထည့်လို့မရပါဘူး
တကယ်လို့ကိုက iOS 10.3 or iOS 10.3 ထက်မြှင့်တဲ့ Version မြှင့်ဖို့ရှိတယ်ဆိုရင်တော့ Data များကို backup ယူထားပါ
Data backup and restore လုပ်နည်းကို ဒီမှာ >How to back and restore your data မှာတင်ထားပါတယ်။

Downgrade လုပ်ဖို့အတွက် iTunes lastese version ထည့်ထားတဲ့PC(Computer) Or Mac လိုပါတယ်။နောက်ပြီးတော့ iOS 10.2.1 IPSW လိုပါတယ်။internet လိုင်းအတင့်အသင့်ကောင်းဖို့လိုပါတယ်။

PC or Mac အဆင်သင့်ဖြစ်ပြီးဆိုရင် အရင်ဆုံး ကို့ iDevices ရဲ့ iOS 10.2.1 IPSW File ကိုဒေါင်းပါ။

Download ဆွဲပြီးတာနဲ့ IPSW File ကို Desktop ပေါ်မှာတင်ထားပါ။ စပြီးတော့ Downgrade စလုပ်လို့ရပါပြီ အောက်မှာတစ်ဆင့်ချင်းပြထားပါတယ်
အရင်ဆုံး ဖုန်းကို iTunes နဲ့Connect လုပ်ပါ။
iTunes နဲ့ချိတ်သွားတာနဲ့ Restore iPhone ကို Window ဆို Shift,Mac ဆို Option Key နဲ့တွဲဖိပြီတော့ ခုဏက Desktop ပေါ်မှာတင်ထားတဲ့ iOS 10.2.1 IPSW File ကိုရွေးပြီး open ရွေးလိုက်ပါ
ပြီးဒါနဲ့ Restore လုပ်နေပါလိမ့်မယ် ပြီးသွားရင်တော့iOS 10.2.1 ကိုရောက်သွားပါလိမ့်မယ် :)

ကဲ Downgrade လုပ်တတ်သွားပြီမလား ကိုယ်တိုင်လုပ်ကြည့်ပါလွယ်ပါတယ် 

မင်္ဂလာပါခင်ဗျာ . . . အဆင်မပြေတာများရှိရင် Comment မှာပြောခဲ့လို့ရပါတယ်ခင်ဗျာ . .iOSUA-Myanmar မှသိနားလည်သလောက် ပြန်ဖြေပေးပါ့မယ် . . .
EmotionEmotion