iOSUA - Myanmar Teams မှ iOS နှင့်ပတ်သက်သော သတင်းများ Apps များ နည်းပညာအချက်အလက်များကိုမျှဝေပေးသွားမှာပါ

Thursday, May 4, 2017

Type of iDevice



iPhone သုံးတဲ့လူတစ်ချို့မှာ အမြင်မှား အထင်မှားနေတာလေးတွေရှိနေတတ်ကြတယ်။အဲ့ဒါဘာလဲဆိုတော့ ZP အလုံးမှကောင်းတာ LLA အလုံးမှကောင်းတာတွေပေါ့ အမှန်တကယ်တော့ ဘယ်နိုင်ငံကထုတ်တဲ့အလုံးပဲဖြစ်ဖြစ်အရည်အသွေးများဟာအားလုံးအတူတူပါပဲ အဲ့ဒါတွေကိုကျနော်အရှေမှာလည်းရှင်းပြပြီးဖြစ်ပါတယ် အခုအချိန်ထိမှာတော့  "Apple design in California Assembled in China" ဆိုတဲ့အတိုင်း
iPhone တွေရဲ့ Design ကို California,Cupertino မှာဆွဲပြီးတော့ တရုတ်မှာထုတ်တာပါ အားလုံးပါ
တရုတ်မှာထုတ်လို့ပြီးမှ ပြန်လည်ရောင်းချမဲ့ နိုင်ငံအသီးသီးကို ပြန်ပို့ပြီးတော့ရောင်းစေတာပါ။အဲ့မှာတင်နိုင်ငံတွေမတူတော့ပဲ နိုင်ငံတစ်နိုင်ငံနဲ့တစ်နိုင်ငံမှာသုံးနေတဲ့အနေအထားအလိုက်အထည်းက အားသွင်းခေါင်းတွေပုံစံပြောင်းသွားတယ် နိုင်ငံရဲ့ ဥပဒေတွေပေါ်မူတည်ပြီး Camera အသံထွက်တာမထွက်တာတွေကွာသွားတယ် iPhone ရဲ့အရည်အသွေးကတော့အားလုံးအတူတူပါပဲ။အဲ့ဒါတွေကိုလည်းအထင်မမှားစေချင်ပါဘူး။မဝယ်ခင်မှာတော့ ကိုဝယ်မဲ့ဆိုင်က ကို့ဖုန်းရဲ့ Factory Error(စက်ရုံမှထုတ်ကတည်းဖြစ်နေသည့် error ကိုယ်တိုင်လုပ်လိုက်ခြင်းကြောင့်ဖြစ်သွားသောပျက်စီးမှုမဟုတ်ပါ)ပါခဲ့ရင်တာဝန်ယူနိုင်မှုရှိမှု After Sale Service တွေကောင်းမှသာဝယ်ယူပါ။အဲ့လိုဆိုင်မျိုးတွေကိုလည်း ညွန်ပေးနိုင်ပါတယ် :)။နောက်တစ်ခုက ကို့ iPhone ရဲ့ Model no ကိုကြည့်ရုံနဲ့ Refurbished လား စက်ရုံကထုတ်တဲ့အသစ်လားဆိုတာကိုသိနိုင်ပါတယ်။

Model no ကို Setting>General မှာရှာလို့ရသလို မဝယ်ခင်မှာလည်းဘူးနောက်ကျောက Part no မှာရှာလို့ရပါတယ်

F ဆိုရင် Refurbished တနည်းအားဖြင့် PCO (Apple Certified Pre Owned devices) လို့လည်းခေါ်ပါတယ်။ PCO ဆိုတာဘာလဲ?PCO ဆိုတာ Factory Fault ကြောင့် Warranty ပြန်လာတဲ့ အလုံးတွေကို  Apple ကနေပြီးတော့ အလုံးသစ်အစားထိုးပေးပါတယ်။(ဥပမာ - Mainboard က ဖြစ်တာမျိုး၊ IC တစ်ခုခုကြောင့် network မမိတော့တာမျိုး စတာတွေဆိုရင် Apple ကနေ အသစ်တစ်လုံး အစားပေးပါတယ်) အဲ့လိုအစားထိုးပေးပီး Factory Fault အလုံးတွေကို ပြန်လည်ယူထားတယ် ပြီးတော့ လိုအပ်တဲ့ ပြင်ဆင်မှုတွေကို အသစ်ပြန်လည်ပြုပြင်ပြီး Box အသစ် Accessories အသစ်တွေနဲ့ အသစ်တလုံးနီးပါးအတိုင်း မွန်းမံပြင်ဆင်မှုပြုလုပ်ပြီး Apple Certified အဖြစ် ဈေးကွက်အတွင်း Apple Official Warranty 1 Year နဲ့ ပြန်လည်ထုတ်ရောင်းတဲ့ အလုံးတွေကိုခေါ်ပါတယ်။ဈေးနှုန်းကိုလည်း အသစ်အလုံးတွေထက်သက်သာစွာနဲ့ပြန်လည်ရောင်းချပြီးတော့ Warranty 1 year ရှိတဲ့အတွက်ဝယ်ရတာတန်ပါတယ်။

M ကတော့ အသစ်စက်စက်ပေါ့။

N ဆိုတာကတော့ M နဲ့စတဲ့အသစ်စက်စက်အလုံးက Factory Fault တစ်ခုခုကြောင့် Apple ကို Warranty ပြန်ပို့ရတဲ့အခါမှာ အသစ်တစ်လုံးအစားထိုးပေးခဲ့လို့ရှိရင်ကို့လက်ထည်းရောက်လာမဲ့ဖုန်းအသစ်ရဲ့ Model no က N နဲ့စမှာဖြစ်ပါတယ် Replacement အလုံးပါ။အသစ်စက်စက်ပါပဲ။

P ကတော့ Personalized တချို့ Users တွေက Apple ကိုတိုက်ရိုက်မှာတာတွေရှိပါတယ် ဥပမာ-ကောင်မလေးကိုပေးချင်လို့ iPhone ရဲ့အနောက်မှာ Apple ကနေပြီးတော့ "Happy Birthday Sweetheart" ဆိုတဲ့စာလေးကို Engraving ထိုးပေးပါဆိုတဲ့အလုံးတွေကိုပြောတာပါ ကျနော်တွေ့ဖူးသလောက်ကတော့ Apple က Engraving ထိုးထားတဲ့ပုံတဲ့ အပြင်ဆိုင်တွေမှာ Engraving ထိုးတဲ့ပုံတွေကလုံးဝမတူပါဘူး Apple ကတော့သူ့ Fonts နဲ့သူ Engraving ထိုးပေးတာဖြစ်ပါတယ်။


ဒါကတော့ Engraving ထိုးထားတဲ့ Apple Watch တစ်လုံးပါ
ကဲ iOS Users တို့ iPhone ရဲ့ Type တွေကိုတော်တော်လေးသိပြီးပေါ့ :) 

မင်္ဂလာပါခင်ဗျာ . . . အဆင်မပြေတာများရှိရင် Comment မှာပြောခဲ့လို့ရပါတယ်ခင်ဗျာ . .iOSUA-Myanmar မှသိနားလည်သလောက် ပြန်ဖြေပေးပါ့မယ် . . .
EmotionEmotion